မြင်းခြံ-နွားထိုးကြီးလမ်း စံပြရွာစစ်တပ်အထိုင်စခန်းကို တိုက်ခိုက်ရာ… — The Voice Of Spring | နွေဦးအသံ | — TG.ME

◼️‌မြင်းခြံ-နွားထိုးကြီးလမ်း စံပြရွာစစ်တပ်အထိုင်စခန်းကို တိုက်ခိုက်ရာ စခန်းရှိ စကစအားလုံးထွက်ပြေး

၂၇ ဩဂုတ် ||| နွေဦးအသံ |||

မန္တလေး၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စံပြရွာအထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဩဂုတ် ၂၆ ရက်၊ မနက် ၄ နာရီခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားခဲ့ပြီး စခန်းကိုသိမ်းပိုက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

မြင်းခြံမြို့အရှေ့မြောက်ဘက်၊ နွားထိုးကြီး-မြင်းခြံလမ်းပိုင်းရှိ စံပြရွာမှာ အထိုင်ချထားတဲ့ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ စစ်သားနဲ့ ပျူ တွေအားလုံး ထွက်ပြေးသွားတဲ့အတွက် စခန်းကို သိမ်းပိုက်ရှင်းလင်းခဲ့ကြတယ်လို့ ပကဖ အသံက ဖော်ပြထားတာပါ။

တော်လှန်ရေးတပ်တွေပြန်ဆုတ်ခဲ့ပြီးနောက် စစ်တပ်က အင်အားဖြည့်တင်းပြီး စံပြရွာထဲ ပြန်ဝင်လာခဲ့သလို အနီးပတ်ဝန်းကျင်ကိုလည်း ကင်းလှည့်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ဆင်ရေးကို မြင်းခြံမြို့နယ် ပကဖ၊ ဗိုလ်ဆားပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့ကြယ်တပွင့်၊ မြင်းခြံ 35 ပြောက်ကျားတပ်ဖွဲ့နဲ့ အညာဖက်ဒရယ် ထနောင်းစစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Photo | မြင်းခြံ ပကဖ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤46👏8❤‍🔥1
August 27, 2026 1.8K