Edited: လူပြည့်သွားပါပြီ။❤️) စိတ်ညစ်နေလား? လမ်းပျောက်နေလား? ဒါမှမဟုတ်… — VLOG BY HSU — TG.ME

(Edited: လူပြည့်သွားပါပြီ။❤️)

စိတ်ညစ်နေလား? လမ်းပျောက်နေလား? ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ တိုင်ပင်ပြီး Plan တွေချချင်လား?

Hazel နဲ့အတူတူစကားပြောပြီး အဖြေရှာကြည့်ကြရအောင်။ ❤️

June လ 15, 16, 22 ရက်နေ့နဲ့ 23 ရက်နေ့မှာ Hazel နဲ့တိုက်ရိုက်စကားပြောပြီး Guidance လေးတွေယူလို့ရမယ့် Free One-on-One Session လေးတွေရှိပါမယ်။

Meet & Grow လို့ နာမည်ပေးထားပြီး Hazel အားတဲ့အချိန်လေးတွေမှာ သီးသန့်လုပ်‌ပေးရတာဖြစ်တဲ့အတွက် တစ်ယောက်ကို မိနစ် 30 နဲ့ Total 12 ယောက်စာပဲရပါမယ်နော်။

ဆွေးနွေးနိုင်တဲ့ Topic များ 📋

◾️ Content Creation (Content Creation လမ်းကြောင်းကို စတင်ချင်သူများအတွက်)
Hazel ကိုယ်တိုင်က Content Creator တစ်ယောက်ဖြစ်ပြီး၊ အတွေ့အကြုံ 4 နှစ်ရှိထားတာမို့ Content Creation နဲ့ ပတ်သက်တာတွေမေးလို့ရပါတယ်။

◾️ Self-Discovery (ကိုယ့်လမ်းကြောင်းကိုယ် ရှာမတွေ့သေးသူများအတွက်)
ကိုယ်ဘာလုပ်ချင်လဲ၊ ကိုယ်ဘာဖြစ်ချင်လဲ၊ ကိုယ်ဘာဆက်လုပ်ရမလဲဆိုတာ Hazel နဲ့ ပေါ့ပေါ့ပါးပါးစကားလေးတွေပြောပြီးရှာဖွေကြပါမယ်။

◾️ Goal Setting (Plan သေချာချပြီး တကယ်အကောင်အထည်ဖော်ချင်သူများအတွက်)
ကိုယ်တိုင်လည်း Goal တွေချပြီး အကောင်အထည်ဖော်ရတာကြိုက်တာကြောင့် Goal Setting, Action Planning အကြောင်းတွေ ပြောပြပြီးလမ်းညွှန်နိုင်ပါတယ်။

◾️ Exchange Programs (နိုင်ငံတကာ အခွင့်အလမ်းတွေ ရှာဖွေနေသူများအတွက်)
တစ်ဖက်မှာလည်း YSEALI Creators Co-Lab (US Embassy), Youth Leader Fund (United Nations), JENESYS ဒီလို Program တွေကို ရွေးချယ်ခံထားရတဲ့သူတစ်ယောက်ဖြစ်တာကြောင့် Exchange Program တွေနဲ့ပတ်သက်ပြီး လျှောက်မယ့် Program ဘယ်လိုရွေးချယ်ရတယ်၊ ဘယ်ကစရတယ်၊ ဘယ်လိုပြင်ဆင်ရတယ်ဆိုတာ Guide လုပ်ပေးနိုင်ပါတယ်။

◾️ Mindset & Clarity (စိတ်ရှုပ်ထွေးတာတွေ ရှင်းထုတ်ပြီး၊ ကိုယ့်စိတ်ကိုယ် သေချာနားလည်ချင်သူများအတွက်။)
ရင်ဖွင့်ချင်တာလေးတွေ၊ အကြံတောင်းချင်တာလေးတွေရှိရင်လည်း Hazel ကိုပြောပြပြီး အကြံတွေတောင်းလို့ရပါတယ်။

Meet & Grow (Free One-on-One Session) လေးတွေအတွက် အောက်က Link ထဲဝင်ပြီး အချိန်နဲ့ ရက်ရွေးပါ။ Form ထဲမေးထားတဲ့ မေးခွန်းလေးတွေ သေချာဖြေပေးပါ။

https://calendly.com/vlogbyhsu/meet-grow-free-one-on-one-

📅 Available Dates & Slots:

📌 ညပိုင်း အချိန်တွေပါ။

15 June & 22 June, 2026 (Mon)
6:00 PM – 6:30 PM (30 Mins)
6:40 PM – 7:10 PM (30 Mins)
7:20 PM – 7:50 PM (30 Mins)

16 June & 23 June, 2026 (Tue)
6:00 PM – 6:30 PM (30 Mins)
6:40 PM – 7:10 PM (30 Mins)
7:20 PM – 7:50 PM (30 Mins)

(Hazel နဲ့ အရင်က Free One-on-One တွေ့ဖူးတဲ့သူလေးတွေက တစ်ခါမှမယူရသေးတဲ့သူလေးတွေကို ဦးစားပေးပေးပါနော်။ အရင်ကယူဖူးသူလေး‌တွေ ထပ်ယူရင်တော့ Auto Cancel လေး လုပ်ခွင့်ပြုပါ။ Hazel နဲ့တွေ့ဖို့ အချိန်လေးရသွားတယ်ဆိုရင် ကိုယ့်ရဲ့ Email ထဲ Form Response နဲ့ Zoom Link လေးဝင်လာပါလိမ့်မယ်။❤️)
Calendly
Meet & Grow (Free One-on-One Sessions) - VLOG BY HSU
Duration: 30 Minutesဆွေးနွေးနိုင်သော Topic များ Content Creation Goal Setting & Action Planning International Exchange Programs Self Discovery & Direction Mindset & Clarity This is a safe and supportive space.I’m excited to guide you 🌱
❤21
June 13, 2026 3K 2 10