စိတ်ဓာတ်ခွန်အားတွေ ပေးစွမ်းနိုင်မယ့် ထိထိမိမိ ဒိုင်ယာလော့များစွာနဲ့အတူ လုပ်ငန်းခွင်သင်ခန်းစာတွေလည်း တစ်ပြည့်တစ်ဝကြီး ရရှိနိုင်ဦးမှာဖြစ်တာကြောင့် ဒီဇာတ်ကားလေးနဲ့အတူ အလုပ်ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကို နှစ်သိမ့်ကုစားပေးနိုင်ဖို့ရာ တင်ဆက်ပေးလိုက်ရပါတယ်။
IMDb Rating (7.0)
၃ နှစ်အတွင်းမှာတင် ရောင်းအား ဝမ် ၁၀ ဘီလီယံအထိ စံချိန်တင်နိုင်ခဲ့ပြီး ဖက်ရှင်လောကရဲ့ Dark Horse လို့တောင် တင်စားခံရတဲ့ ဖက်ရှင်ဘရန်း WOO22 ရဲ့ တည်ထောင်သူ စီအီးအိုမလေး အီဆွန်းအူ (Han So-Hee)...
ဖက်ရှင်ကုမ္ပဏီဖြစ်တာနဲ့အညီ ဝတ်စားဆင်ယင်မှုပုံစံကအစ အလုပ် လုပ်ကိုင်ပုံအဆုံး လွတ်လပ်မှုရှိတဲ့ အငွေ့အသက်မျိုးကို အသားပေးထားတဲ့ ဆွန်းအူတို့ရဲ့ ကုမ္ပဏီကို တစ်နေ့မှာ လုပ်သက်အတွေ့အကြုံ ၃၇ နှစ်ရှိပေမဲ့လည်း ဒစ်ဂျစ်တယ်လုပ်ငန်းခွင်နဲ့ စိမ်းသက်နေဆဲ ဂင်ဂီဟို (Choi Min-Sik) ဆိုသူက သက်ကြီးရွယ်အို အလုပ်သင်အနေနဲ့ အလုပ်ဝင်လာတဲ့အခါမှာတော့...
သူတို့နှစ်ဦးက ကိုယ်စီရဲ့ အတွေ့အကြုံတွေ အမြင်တွေကို ဝေမျှဖလှယ်ရင်း မတူညီတဲ့ မျိုးဆက်နှစ်ခုကြားက ကွာဟချက်တွေကို ဘယ်လို ပေါင်းကူးတံတား ထိုးသွားကြမလဲ...
အရင်နှိပ်ပြီးမှ
"ဇာတ်ကားလင့်"ကို
နှိပ်လို့ရမှာပါ


