Ep-10 ရပါပြီ
WJSN က အလှလေး Bona ပါဝင်ထားတဲ့ Dive into You ဆိုတဲ့ စီးရီးသစ်လေး ထွက်လာပြီပဲဖြစ်ပါတယ်။ Main Cast တွေအဖြစ် အားလုံးနဲ့ မစိမ်းတဲ့ Our Universe ထဲက Second Lead လေး Park Seo Ham နဲ့ Bon Appetit Your Majesty ထဲက တရုတ်စားဖိုမှူးမမ Moon Seung You တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
ယွန်းဟာနာ(Bona) က တောင်ကိုရီးယားရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပြီးတော့ သူ့မှာ ယွန်းဟာရူ (Jang Deok Su) လို့ခေါ်တဲ့ နိုင်ငံ့ကိုယ်စားပြု ဂျူဒိုကစားသမား အမြွှာမောင်လေး တစ်ယောက်ရှိပါတယ်။
ယွန်းဟာရူရဲ့ ရည်းစား ဆုန်းယယ်ရန်း (Moon Seung You) ကတော့ ယွန်းဟာနာတို့ အေဂျင်စီရဲ့ CEO ပါ။ တစ်နေ့မှာ ယွန်းဟာနာနဲ့ ယွန်းဟာရူတို့ မောင်နှမနှစ်ယောက်ဟာ ကိစ္စတစ်ခုကြောင့် ခန္ဓာကိုယ်ချင်း လဲသွားကြပြီးတော့ အတိတ်ကိုပြန်ရောက်သွားကြတဲ့အခါ...
ယွန်းဟာနာကို ကာကွယ်ရင်းနဲ့ သေဆုံးသွားခဲ့ရတဲ့ ယွန်းဟာနာရဲ့ အချစ်ဦးဖြစ်သူ ဂျောင်ဝူဂျယ် (Park Seo Ham) နဲ့ အတိတ်မှာ ပြန်ဆုံရင်း ခန္ဓာကိုယ်ချင်းလဲနေတဲ့ သူတို့မောင်နှမနဲ့ ဂျောင်ဝူဂျယ်တို့ကြား ဘယ်လို ဟာသဆန်ဆန်အလွဲတွေ ဖြစ်ပေါ်လာမလဲဆိုတာကို စိတ်လှုပ်ရှားစရာ ဟာသနှောပြီး ကြည့်ရှုရမှာဖြစ်လို့ အပတ်စဉ် စနေ, တနင်္ဂနွေနေ့တိုင်း စောင့်မျှော်ကြည့်ရှု အားပေးနိုင်ပါပြီရှင်။
Channel Joinပြီးမှကြည့်ရန်
https://t.me/addlist/NezVxczqdiY0Y2U1
ဇာတ်ကားလင့်
https://t.me/reviewchannel2026/2687
