မုဒိန်းကျင့်ခံရတဲ့ အမအတွက် လက်စားချေမယ့်ညီမ Sayara (2024) IMDb Rating… — UPDATE - အညွှန်းသီးသန့် — TG.ME

မုဒိန်းကျင့်ခံရတဲ့ အမအတွက်
လက်စားချေမယ့်ညီမ

Sayara (2024)

IMDb Rating (6.6)

ဆာယာရာက ရွှေ့ပြောင်းအခြေချမိန်းကလေးတစ်ယောက်ဖြစ်ပြီး မစ္စတန်ဘူလ်က အားကစားခန်းမတစ်ခုမှာ သန့်ရှင်းရေးအဖြစ် အလုပ်ဝင်နေပါတယ်။ တစ်နေ့တော့ သူ့အစ်မဟာ အားကစားခန်းမပိုင်ရှင် ဘာရစ်ခ်နဲ့သူ့အပေါင်းအပါသုံးဦးရဲ့အဓမ္မကျင့်သတ်ဖြတ်ခြင်းကို ရက်စက်စွာခံလိုက်ရပါတယ်။ ဒါပေမယ့် ဘာရစ်ရဲ့အဖေက ဩဇာကြီးတဲ့ လွှတ်တော်အမတ်တစ်ယောက်ဖြစ်နေတာကြောင့် တရားဥပဒေရဲ့အကာအကွယ်နဲ့ကျူးလွန်သူတွေအားလုံးပြစ်ဒဏ်ကနေ လွတ်မြောက်သွားခဲ့ပါတယ်။ တရားဥပဒေက တရားမျှတမှုကို မဖော်ဆောင်နိုင်တဲ့နောက်မှာတော့ဖခင်ဖြစ်သူ သင်ပေးခဲ့ပြီး သူအကျွမ်းကျင်ဆုံးပညာရပ်လည်းဖြစ်တဲ့ ဆမ်ဘို(Sambo ) ကိုယ်ခံပညာနဲ့ဆာယာရား ကိုယ်တိုင် အစ်မဖြစ်သူအတွက် အဆုံးစွန်ကလဲ့စားချေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီက ပရိသတ်တွေနဲ့မစိမ်းတဲ့ Bask*in 2015 တို့ The Turk*ish Coff*ee Ta*ble 2025 တို့လို နာမည်ကျော် Horror ဇာတ်ကားတွေရဲ့ ဖန်တီးရှင် Can Evrenol ရဲ့လက်ရာဖြစ်ပါတယ်။
August 20, 2026 555