ဆိုဖီဟာ ဂီတပြဇာတ်ကို ရူးသွပ်တဲ့ ဆယ်ကျော်သက် အရွယ်ကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ အစွမ်းအစကို ချပြခွင့်ရဖို ကျောင်းဂီတပြဇာတ်တစ်ခုမှာ ဇာတ်ပိုနေရာက လူရွေးခံခဲ့ပေမဲ့ ဆိုဖီရဲ့ အရည်အချင်းကို အသိအမှတ်ပြုတဲ့ ဆရာမက ဆိုဖီကို အဓိကဇာတ်ကောင်နေရာအတွက် ရွေးချယ်ခဲ့ပါတယ်။
ကျောင်းမှာ သတင်းကောင်းရှိနေပေမဲ့ အိမ်မှာတော့ ဆိုဖီအမေရဲ့ ကင်ဆာရောဂါက ပြန်ထလာပြီဆိုတဲ့ သတင်းဆိုးကြီးက စောင့်မျှော်နေခဲ့ပါတယ်။ မိခင်ဖြစ်သူဟာ သမီးဖြစ်သူရဲ့ ဂီတပြဇာတ်အပေါ်ရူးသွပ်မှုကို သိတာကြောင့် သူရဲ့ဝါသနာနောက်ကိုပဲ ဆက်လိုက်ဖို တိုက်တွန်းခဲ့ပါတယ်။
ဒီလိုနဲ့ ဆိုဖီဟာ လက်တွေ့ဘဝဇာတ်ခုံမှာတစ်လှည့် စုဲဇာတ်ခုံပေါ်မှာ တစ်လှည့် ကြိုးစားရုန်းကန်ရတဲ့ အခြေအနေကို ရောက်ရှိသွားပါတော့တယ်။ မိခင်မေတ္တာ မိသားစုသံယောဇဉ်ကို ထိထိမိမိ ဖော်ညွှန်းထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။...
August 15, 2026 625