တစ်မ္ဘာလုံးက တံခါးတွေ၊ ပြတင်းပေါက်တွေ ဘယ်လိုမှ ဖွင့်လိုမရတော့ဘဲ… — UPDATE - အညွှန်းသီးသန့် — TG.ME

တစ်မ္ဘာလုံးက တံခါးတွေ၊ ပြတင်းပေါက်တွေ ဘယ်လိုမှ ဖွင့်လိုမရတော့ဘဲ လူသားတွေအကုန် အိမ်ထဲမှာတင် ပိတ်မိနေကြတဲ့ကားသစ်

The Last House (2026)

မိသားစုလေးယောက်ဟာ ပုံမှန်အတိုင်း အိပ်ရာနိုးလာချိန်မှာ သူတိုရဲ့ နေအိမ်ကြီးတစ်ခုလုံးကို ပြင်ပကအကြောင်းရင်းမရှိ အဆန်းကြယ် ပိတ်လှောင်ထားခြင်း ခံလိုက်ရတာကို မထင်မှတ်ဘဲ ကြုံတွေ့လိုက်ရရာကနေ ဇာတ်လမ်းစတာပါ။

တစ်မ္ဘာလုံးက တံခါးတွေ၊ ပြတင်းပေါက်တွေ ဘယ်လိုမှ ဖွင့်လိုမရတော့ဘဲ လူသားတွေအကုန် အိမ်ထဲမှာတင် ပိတ်မိနေကြရင်း အစားအသောက်နဲ့ သုံးစွဲစရာ ပစ္စည်းတွေ တဖြည်းဖြည်း နည်းပါးလာကြပါတယ်။

အိမ်အပြင်ဘက်မှာလည်း သူတိုကို စောင့်ကြည့် ပိတ်လှောင်ထားတဲ့ နားမလည်နိုင်တဲ့ မကောင်းဆိုးဝါး သိုမဟုတ် အန္တရာယ်တစ်ခု ရှိနေတာကို သိလိုက်ရတဲ့အခါ မိသားစုဝင်တွေဟာ အသ-က်ဘေးကနေ လွတ်မြောက်ဖိုနဲ့ ပေါင်းစည်းညီညွတ်စွာ ရုန်းကန်ကြရပါတော့တယ်။ အဆုံးထိစိတ်ဝင်စားမိအောင်လုပ်သွားတဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။
August 10, 2026 719