Netflix ရဲ့ ၁၈+ စီးရီးသစ် “The Scandal” ရဲ့ Teaser ထွက်ရှိလာပါတယ်။… — MKS UPDATE — TG.ME

Netflix ရဲ့ ၁၈+ စီးရီးသစ် “The Scandal” ရဲ့ Teaser ထွက်ရှိလာပါတယ်။

ဒီစီးရီးမှာ Son Ye Jin, Ji Chang Wook နဲ့ Nana တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး စက်တင်ဘာ ၁၈ ရက်နေ့မှာ စတင်ပြသတော့မှာ ဖြစ်ပါတယ်။

The Scandal ဟာ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ၁၈+ ရုပ်ရှင်ကားကြီး Untold Scandal ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး၊ ဒီစီးရီးကို ဆွဲဆောင်မှုရှိပြီး စိတ်လှုပ်ရှားဖွယ်ကောင်းကာ ခါးသီးချိုမြိန်တဲ့ ဇာတ်လမ်းအဖြစ် သတ်မှတ်ထားပါတယ်။

#TheScandal
❤3
August 26, 2026 126 1