နီပေါရေဘေးအတွက် မြန်မာအစိုးရကိုယ်စား ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

နီပေါရေဘေးအတွက် မြန်မာအစိုးရကိုယ်စား ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုး

စက်တင်ဘာ ၃

နီပေါနိုင်ငံ၌ ဩဂုတ် ၂၆ ရက်က ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် လူပေါင်းများစွာ အသက်အိုးအိမ်ဆုံးရှုံးခဲ့မှုအပေါ် မြန်မာအစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ နီပေါနိုင်ငံသံရုံးသို့ သွားရောက်ခဲ့သည်။

ဒုတိယဝန်ကြီးသည် နီပေါသံအမတ်ကြီးနှင့် တာဝန်ရှိသူများအား တွေ့ဆုံကာ ရေဘေးကြောင့် အသက်အိုးအိမ်ဆုံးရှုံးမှုများအတွက် မြန်မာအစိုးရကိုယ်စား ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း ပြောကြားပြီး ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

TruthZoneOnline
👍19😢6❤3😍1
September 4, 2026 924 1