ငမိုးရိပ်ရေလှောင်တမံ ရေပြည့်အမှတ်ထက် တစ်ပေခွဲနီးပါး ကျော်လွန်
စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငမိုးရိပ်ရေလှောင်တမံတွင် အဆက်မပြတ် မိုးရွာသွန်းမှုများကြောင့် ရေပြည့်အမှတ်ထက် ကျော်လွန်ကာ ရေပိုလွှဲမှ ရေများ စီးဆင်းလျက်ရှိသည်။
ယနေ့ စက်တင်ဘာ ၁ ရက် နံနက် ၆ နာရီ တိုင်းတာချက်များအရ ငမိုးရိပ်ရေလှောင်တမံ၏ ရေမှတ်မှာ ၁၀၈ ဒသမ ၄၀ ပေ ရှိနေပြီး သတ်မှတ်ရေပြည့်အမှတ် ၁၀၇ ပေထက် ၁ ဒသမ ၄၀ ပေခန့် ကျော်လွန်နေခြင်းဖြစ်သည်။
လက်ရှိတွင် ငမိုးရိပ်ရေလှောင်တမံ ရေပိုလွှဲမှ ရေထုစီးဆင်းနှုန်းမှာ ၉၃၀ ကုဗပေ/စက္ကန့် (Cusec) ရှိနေသည်။
ထို့ပြင် အနီးဝန်းကျင်ရှိ မဟူရာတမံသည် ရေပြည့်အမှတ်သို့ ရောက်ရှိရန် ၀ ဒသမ ၃၀ ပေသာ လိုတော့ကြောင်းနှင့် ပေါင်းလင်းတမံသည် ရေပြည့်အမှတ်သို့ ရောက်ရှိရန် ၆ ဒသမ ၄၉ ပေ လိုသေးကြောင်း သိရသည်။
TruthZoneOnline

13
2
1
1September 1, 2026 302 1