တွံတေးခရိုင်အတွင်းရှိ တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်းမြိုနယ်များ၌ လတ်တလောတွင် လုံခြုံရေးအရ ဆိုင်ကယ်စီးနင်းခွင့်ပြုမည်မဟုတ်
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်အတွင်းရှိ တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်းမြိုနယ်များ၌ လတ်တလောတွင် လုံခြုံရေးအရ ဆိုင်ကယ်စီးနင်းခွင့်ပြုမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။
သြဂုတ် ၃၁ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ကွမ်းခြံကုန်းမြိုနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဒေါ်စန္ဒာဝင်းက ကွမ်းခြံကုန်းမြိုနယ်တွင် တရားဝင် ဆိုင်ကယ်စီးနင်းခွင့်ပြုရေးနှင့်စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းခဲ့ပြီး အဆိုပါ မေးခွန်းအား ဖြေကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ထိုသို ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
TruthZoneOnline
14
4
1September 1, 2026 442 1


