FDA က စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသည့် အစားအသောက် အမျိုးအစား ၂၃… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

FDA က စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသည့် အစားအသောက် အမျိုးအစား ၂၃ မျိုး

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ဈေးကွက်အတွင်း ရောင်းချနေသည့် အစားအသောက်များကို စစ်ဆေးရာတွင် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ခွင့်မပြုပါဝင်ပစ္စည်းများ၊ ဆိုးဆေးများနှင့် တာရှည်ခံဓာတုပစ္စည်းများ အသုံးပြုထားခြင်းကြောင့် စားသုံးရန်မသင့်ဟု စစ်ဆေးတွေ့ရှိထားသည့် အစားအသောက် အမှတ်တံဆိပ် ၂၃ မျိုးကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါစာရင်းတွင် အချိုရည် ၉ မျိုး၊ ခေါက်ဆွဲ ၅ မျိုး၊ ပဲပြား ၃ မျိုး၊ ငရုတ်ဆီ ၂ မျိုးနှင့် အခြားစားသောက်ကုန် ၄ မျိုး ပါဝင်သည်။

အချိုရည် ၉ မျိုး

၁။ Queen အမှတ်တံဆိပ်ပါ စတော်ဘယ်ရီအချိုရည် 750 ml ပုလင်း
၂။ Aung အမှတ်တံဆိပ်ပါ Juice (သံပုရာဖျော်ရည်)
၃။ Lime Q အမှတ်တံဆိပ်ပါ Instant Lime Drink Mix
၄။ Power Bull အမှတ်တံဆိပ်ပါ Energy Drink
၅။ Fruity အမှတ်တံဆိပ်ပါ အချိုရည်
၆။ Bull အမှတ်တံဆိပ်ပါ အချိုရည်
၇။ Lion အမှတ်တံဆိပ်ပါ Lion Juice အချိုရည်
၈။ Super Frozen အမှတ်တံဆိပ်ပါ အချိုရည်
၉။ NSS C-Plus အမှတ်တံဆိပ်ပါ အချိုရည်
ခေါက်ဆွဲ ၅ မျိုး
၁၀။ စတားလိုက် အမှတ်တံဆိပ်ပါ အဆင့်မြင့်ခေါက်ဆွဲ
၁၁။ ချမ်းမြေ့အောင် အမှတ်တံဆိပ်ပါ စပါယ်ရှယ်ဂျုံခေါက်ဆွဲ
၁၂။ စိန်တံဆိပ် အမှတ်တံဆိပ်ပါ ကြက်ဥခေါက်ဆွဲ
၁၃။ ဝမ်းစတား အမှတ်တံဆိပ်ပါ အဆင့်မြင့်ခေါက်ဆွဲ
၁၄။ ဂန္ဓမာပန်း အမှတ်တံဆိပ်ပါ ခေါက်ဆွဲ
ပဲပြား ၃ မျိုး
၁၅။ အဝိုင်းတံဆိပ် ပဲပြား
၁၆။ တြိဂံတံဆိပ် ပဲပြား
၁၇။ စကြာင်္တံဆိပ် ပဲပြား
ငရုတ်ဆီ ၂ မျိုး
၁၈။ ကြက်ဖ အမှတ်တံဆိပ်ပါ ငရုတ်ဆီ
၁၉။ အောင်သိဒ္ဓိ အမှတ်တံဆိပ်ပါ ငရုတ်ဆီ
အခြားစားသောက်ကုန် ၄ မျိုး
၂၀။ အောင်ထက်ဖြိုး အမှတ်တံဆိပ်ပါ တုတ်ထိုးချိုချဉ်
၂၁။ နှင်းပုလဲ အမှတ်တံဆိပ်ပါ ငရုတ်အရောင်တင်မှုန့်
၂၂။ Mi Ki Ko အမှတ်တံဆိပ်ပါ ချယ်ရီသီး
၂၃။ ရွှေပိတောက် အမှတ်တံဆိပ်ပါ ဆန်ကြာဇံ

FDA ၏ စစ်ဆေးတွေ့ရှိချက်များအရ အထက်ပါစားသောက်ကုန်များတွင် အစားအသောက်ထုတ်လုပ်ရာ၌ အသုံးပြုရန် ခွင့်မပြုထားသည့် ဆိုးဆေးများ၊ တာရှည်ခံဓာတုပစ္စည်းများ ပါဝင်ခြင်း သို့မဟုတ် ခွင့်ပြုထားသည့် အစားအသောက်ထပ်ဖြည့်ပစ္စည်းများကို သတ်မှတ်ပမာဏထက် ကျော်လွန်အသုံးပြုထားခြင်းများ ရှိနိုင်သဖြင့် စားသုံးသူများအနေဖြင့် သတိပြုရှောင်ကြဉ်ရန် လိုအပ်သည်။

TruthZoneOnline
👍21❤19👌4👏1
August 31, 2026 1K 3 10