TK Team Channel 💜: post #5340 — TG.ME

"အမှတ်အသားချန်ရမယ်လေ" ချောင်ယွမ်းက သူတို့ကို သတိပေးသည်။ "ငါတို့ အမှတ်အသားမထားခဲ့ဘူးဆိုရင် ငါတို့ ဒီမှာရှိနေတယ်ဆိုတာ ဘယ်လိုသက်သေပြနိုင်မှာလဲ"

"ဘယ်လိုအမှတ်အသားမျိုး ထားခဲ့သင့်လဲ" လင်ချီးယဲ့က ခေါင်းငုံ့ပြီး တွေးလိုက်မိသည်။

"ငါတို့ ဖက်တီးပုံစံ မြေပြင်ပေါ်မှာ ဆွဲလိုက်ရင်ရော"

ပိုင်လီဖက်တီးသည် သူ့အိတ်ကပ်ထဲမှ အနက်ရောင်ဖြန်းဆေးကို ထုတ်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"မရဘူး၊ အရမ်းရုပ်ဆိုးတယ်" ချောင်ယွမ်းသည် ပိုင်လီဖက်တီး၏ဖြန်းဆေးကို လုယူပြီး ခဏမျှ တုံ့ဆိုင်းသွားကာ ထိုလူ၏ညာလက်ပေါ်တွင် ဓားဖြောင့်ကို ဖြန်းလိုက်သည်။

ဓားဖြောင့်ဟု ဆိုနိုင်ကြသော်လည်း တကယ်တော့ ၎င်းသည် အနက်ရောင် "丿" သာ ဖြစ်သည်။ ဒါတွေအားလုံးတင်မဟုတ်ဘဲ ချောင်ယွမ်းသည် နတ်ဆိုးမီးတောက်များကို ကိုယ်စားပြုသည့် သည် "丿" မှာ အကွေ့အကောက်လိုင်းများ ဖြန်းပစ်လိုက်သည်။

ကျားလန်၏ မျက်လုံးများသည် တောက်ပနေပြီး သူမသည် ချောင်ယွမ်းအား စိတ်အားထက်သန်သော အမူအရာဖြင့် ဝှေ့ယမ်းလိုက်သည်။

"အစ်မလန်က ပုံဆွဲချင်နေတယ်။ သူမကို ကစားဖို့ပေးလိုက်" ပိုင်လီဖက်တီးသည် ချောင်ယွမ်းဆီမှ ဖြန်းဆေးကို လုယူပြီး ကျားလန်အား ပေးလိုက်သည်။

ထို့နောက် ကျားလန်သည် လေးနှင့်မြားကို ထိုလူ၏ဘယ်ဘက်လက်တွင် ဖြန်းလိုက်သည်။ ပိုင်လီဖက်တီးနှင့် ချောင်ယွမ်း၏ ပန်းချီစွမ်းရည်နှင့်ယှဉ်လျှင် ကျားလန်၏လေးသည် ဤပုံတွင် မြင်နိုင်သောတစ်ခုတည်းသောအရာဟု ဆိုနိုင်သည်။

အန်းချင်းယွီသည် ယာဉ်မောင်းထိုင်ခုံမှ ဆင်းကာ ကျားလန်ဆီမှ ဖြန်းဆေးကို ယူလိုက်သည်။ တစ်ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူသည် မျက်မှန်နက်တစ်လက်ကို ထိုလူပေါ်တွင် ဖြန်းလိုက်သည်။

ထို့နောက် ဘယ်လက်တွင် လေးနှင့်မြား၊ ညာလက်တွင် ဓားဖြောင့်တစ်ချောင်းနှင့် မျက်မှန်နက်ပါသည့် ဖက်တီးအမျိုးသားတစ်ဦး မွေးဖွားလာခဲ့သည်။

လင်ချီးယဲ့: "...? ? ?"

"ဒါက ငါတို့အဖွဲ့ရဲ့ ပုံရိပ်ကို ကိုယ်စားပြုတဲ့ အရာတစ်ခုလေ… ဒါက အရမ်းရုပ်ဆိုးလွန်းတယ်" လင်ချီးယဲ့သည် သူ့နဖူးကို ကိုင်ထားသည်။

*****

အဖွဲ့သားတွေကြောင့် ခေါင်းဆောင်သွေးတက်နေပြီ🥲
February 28, 2026 2K 2