Tips For You🏆: post #2333 — TG.ME

ဟူလီယံ အယ်လ်ဗာရက်ဇ်ကတော့ အပြောင်းအရွှေ့မပိတ်ခင် တသင်းသင်းကို ရောက်ရှိတော့မှာပါ ။ အေတီကိုမှာ ဆက်ရှိနေဖို့ မဖြစ်နိုင်တော့ပါဘူး ။ မနေ့ညတုန်းက ဗီလာရီးရဲအသင်းနဲ့ ၂ ဂိုးစီ သရေကျတဲ့ပွဲမှာ အယ်လ်ဗာရက်ဇ်ဟာ အက်သလက်တီကိုမက်ဒရစ်ဖန်တွေရဲ့ လှောင်ပြောင်မှုကို အကြီးအကျယ်ခံခဲ့ရပါတယ် ။ အယ်လ်ဗာရက်ဇ်ကလည်း ပွဲအပြီးမှာ အသင်းဖန်တွေကို နှုတ်ဆက်ခြင်းမပြုဘဲ အဝတ်လဲခန်းထဲကို တန်းဝင်သွားခဲ့ပါတယ် ( အေတီကိုတသင်းလုံးက နှုတ်ဆက်နေချိန်မှာ ) ။

အယ်လ်ဗာရက်ဇ်ဟာ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ဖို့ အလွန်စိတ်အားထက်သန်နေပြီး အက်သလက်တီကိုမက်ဒရစ်ဘက်ကတော့ လာလီဂါပြိုင်ဘက်ဆီ ရောင်းထုတ်ဖို့ ဆန္ဒမရှိပါဘူး ။ ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ သဘောတူညီမှု ရရှိထားပေမယ့် အယ်လ်ဗာရက်ဇ်က အာဆင်နယ်ကို ငြင်းထားပါတယ် ။ ဘာတွေဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရ‌တော့မှာပါ ။

Source | Sport Myanmar
❤27
August 25, 2026 4.7K 7 2