ပရီးမီးယားလိဂ်ပြိုင်ပွဲကြီး စတင်ဖို့ ၅ ရက်သာလိုပါတော့တယ် ။ ပရီးမီးယားလိဂ်သမိုင်းတလျောက်မှာ ပွဲစဉ်တပွဲအတွင်းမှာ ၅ ဂိုးသွင်းယူနိုင်တဲ့ကစားသမား ၅ ယောက်ရှိခဲ့ပါတယ် ။ ဒီသွင်းဂိုးပမာဏက အခုချိန်ထိ အများဆုံးဖြစ်ပြီး ဘယ်သူမှ တပွဲတည်း ၆ ဂိုးသွင်းနိုင်သူမရှိသေးပါဘူး ။ ၁၉၉၅ ခုနှစ်မှာ အန်ဒီကိုးလ်က ဒီစွမ်းဆောင်မှုကို ပထမဆုံးရယူခဲ့တာဖြစ်ပြီး မန်စီးတီးဂိုးသွင်းရှင် အဂွေရိုက နောက်ဆုံး ၅ ဂိုးသွင်းယူနိုင်သူဖြစ်ခဲ့ပါတယ် ။ အဲဒီကတည်းက တပွဲတည်း ၅ ဂိုးသွင်းယူသူ မထွက်ပေါ်ခဲ့တာ ၁၁ နှစ်ကြာခဲ့ပါပြီ ။ ဒီရာသီမှာ ဒီမှတ်တမ်းကောင်းကို လိုက်မီမယ့်ကစားသမား ရှိလာနိုင်မလား . . .
Source | Sport Myanmar

20August 18, 2026 4.4K