Dropshipping စလုပ်တဲ့သူတွေ အများဆုံး မှားတတ်တဲ့ အမှားက ဘာလဲသိလား။
သူများထက် ဈေးလျှော့ရောင်းမှ ဖောက်သည်တွေ ဝယ်မယ်လို့ ထင်နေတာပါပဲ။
ဈေးကွက်ထဲမှာ ပြိုင်ဘက်တွေနဲ့ ဈေးချပြိုင်တာ (Price War) ဟာ ကိုယ့်လုပ်ငန်းကို ရေရှည်မှာ သတ်သေတဲ့ နည်းလမ်းတစ်ခုပါ။ သင်က ဈေးလျှော့လိုက်ရင် နောက်တစ်ယောက်က သင့်ထက် ပိုလျှော့ပါလိမ့်မယ်။ နောက်ဆုံးတော့ ဘယ်သူမှ အမြတ်မကျန်ဘဲ အလုပ်တွေသာ ပင်ပန်းပြီး ကျန်ခဲ့ပါလိမ့်မယ်။
Customer Psychology ကို သေချာနားလည်တဲ့ အတွေ့အကြုံရှိတဲ့ Dropshipper တွေက ဈေးချပြီး မရောင်းပါဘူး။
လူတွေက ပစ္စည်းတစ်ခုကို ဈေးပေါလို့ ဝယ်တာထက်၊ အဲဒီပစ္စည်းက သူတို့အတွက် ဘယ်လောက် တန်ဖိုးရှိလဲ (Perceived Value) ဆိုတာကို ပိုကြည့်ကြတာကို သိလို့ပါပဲ။
သင့်ရဲ့ Store က ကြည့်လိုက်တာနဲ့ ယုံကြည်ရလား၊ ပုံနဲ့ ကြော်ငြာစာ (Copywriting) က သူတို့ရဲ့ ပြဿနာကို တကယ် ဖြေရှင်းပေးနိုင်တယ်လို့ ခံစားရလား...
ဒါတွေက ဈေးနှုန်းထက် ပိုအရေးကြီးပါတယ်။
ဒါကြောင့် ပစ္စည်းတစ်ခုကို ရောင်းတော့မယ်ဆိုရင် ဘယ်လို ဈေးလျှော့ရောင်းရမလဲ ဆိုတာကို ခေါင်းထဲက ထုတ်ပစ်ပါ။
ဒီပစ္စည်းရဲ့ တန်ဖိုးကို ဖောက်သည်တွေ ပိုမြင်လာအောင် ဘယ်လို ဖန်တီးမလဲ (Value Creation) ဆိုတာကိုပဲ အဓိကထားပြီး စဉ်းစားပါ။
သူများနဲ့မတူတဲ့ ကမ်းလှမ်းမှု (Offer) ပေးမလား၊ အသုံးဝင်မယ့် လက်ဆောင်လေး (Freebie) ပေါင်းထည့်ပေးမလား၊ ဒါမှမဟုတ် စိတ်ချရတဲ့ အာမခံ (Guarantee) ပေးမလား။
ဖောက်သည်တွေဘက်က ဒီပစ္စည်းဟာ သူတို့ပေးရတဲ့ ငွေထက် ပိုပြီးတန်တယ်လို့ ခံစားရအောင် ဖန်တီးနိုင်ရင် ဈေးများနေရင်တောင် ဝယ်မယ့်သူတွေ ဈေးကွက်ထဲမှာ အများကြီး ရှိပါတယ်။
---
တကယ်လုပ်ချင်တယ်ဆိုရင်
DM မှာ “Dropshipping” လို စာပိုထားပါ
ကျွန်တော်ကိုယ်တိုင် ဆွေးနွေးပေးပါမယ်။
Contact - @ThomasWayne2
#Thomas #DropshippingMyanmar #Myanmar #Official








