ကိုယ့်သားသမီးဆိုရင်
ကောင်းတာမှ ကျွေးချင်တယ်
အကောင်းဆုံးမှ ဆင်ပေးချင်တယ်
ဘဝမှာလည်း ကောင်းတာတွေပဲ ရစေချင်တယ်ဆို…
ဒါဆို သူများသားသမီးတွေကိုလည်း
အကောင်းဘက်ကနေ မြင်ပေး
တွေးပေးတတ်မှ မိဘပီသမှာပေါ့ ❣️
ကိုယ့်သားသမီးကျ
တစ်လောကလုံးမှာ အတော်ဆုံး အလိမ္မာဆုံးလိုမျိုး
လူတကာကို လိုက်ကြွားပြီး
သူများသားသမီးကျတော့
မကောင်းတာတွေကိုပဲ လူတကာကို လိုက်ပြောနေလို့
ဘယ်တရားပါ့မလဲနော်…
ကိုယ့်အတွက် ကိုယ့်သားသမီးက အဖိုးတန်သလို
သူများတွေအတွက်လည်း
သူတို့သားသမီးက တန်ဖိုးရှိတာပါပဲ ❤️
တစ်ခါတလေ
သူများအပေါ်ထားတဲ့ ကိုယ့်ရဲ့ အမြင်ဆိုး အတွေးဆိုးတွေ
သားသမီးချင်း နှိုင်းယှဉ်တာတွေကို
ကိုယ့်ရဲ့သားသမီးတွေအပေါ်
ပြန်မသက်ရောက်စေချင်ဘူး
ဝဋ်ပြန်မလည်စေချင်ဘူးဆိုရင်
ကိုယ်တိုင်ကလည်း သူများအပေါ်
လက်ညှိုးထိုးပြီး အပြစ်မြင်တတ်တာတွေကို
ရှောင်နိုင်ဖို့ လိုတယ်❣️
ကိုယ့်သားသမီးကို ကောင်းစေချင်သလို
သူများသားသမီးကိုလည်း မပုတ်ခတ် မနှိမ်ချတတ်မှ
မိဘကောင်းပီသမှာပါ 🤍❤️🩹🌹
Crd
29
8
5
4August 30, 2026 758 3