ဒီဘက်ပိုင်းမှ အလုပ်များနေလို့ စာရေးတဲ့ ဘက်ကို
မလှည့်နိုင်တာကြာပြီ၊၊ စာမရေးဖြစ်ပေမယ့် ကျန်တာလေးတွေက တော့ ပုံမှန်အတိုင်းလည်ပတ်နေတာပါပဲ၊၊
ဘာလိုလိုနဲ့ 2026 တောင် 7 လတောင် ကုန်သွားပြီးနော်၊၊
ဒီကြားထဲရော ဘာတွေ လုပ်ဖြစ်နေကြလဲ ?
ကျွန်မကတော့ အလုပ်လည်း ရသွားတဲ့ အတွက် အလုပ်စဝင်နေပါပြီ၊၊ ပိုပြီးလည်း စကားတွေ အများကြီး ပြောဖြစ် နေပါတယ် ၊၊ ဖုန်း Call တွေလည်း ကောင်းကောင်း ခေါ်တတ် /ပြောတတ်နေပြီ၊၊ အလုပ်လုပ်ရင်းနဲ့ သင်ယူလာရတာ တစ်ခုကတော့ စိတ်ရှည်ရမယ် ၊ သည်းခံ ရမယ် ပဲ customers နဲ့ စကားပြောတဲ့ အခါ ဆို ပိုပြီး ဂရုစိုက်ရတယ် ၊၊ အခုတော့ အများကြီး နေသားကြနေပါပြီ ၊၊ ကိုယ် မဝင်ခဲ့ဘူးတဲ့ နေရာကို ရောက်လာတော့ လူတွေနဲ့ ဘဝ ကြီးက ကိုယ်ထင်ထားသလို မဟုတ်တာတွေ သိလာရတာပေါ့၊၊ Work environment လည်း အရမ်းကောင်းတယ် ၊၊ တိုးတတ်စေချင်တဲ့ သူတွေနဲ့ တိုးတတ်အောင် ကြိူးစားနေကြတဲ့ လူငယ်တွေ ကြားထဲ ရောက်သွားတာကြောင့် ကိုယ်ကိုယ်တိုင်လည်း အများကြီး ကြိုးစားရမယ် လို့တွေးမိသလို လုပ်ဖြစ်ပါတယ်၊၊ ဒီ 7 လအတွင်းမှာတော့ ကောင်းတာရော မကောင်းတာရော မျိုးစုံ ကြိုးခုန် ခဲ့ရတာပေါ့ ၊၊
Subscriber လေးတွေနဲ့ ဒီစာကို ဖတ်နေတဲ့ သူတွေရော ဒီ 7 လ ဘယ်လို ဖြတ်သန်းနေကြလဲ ၊၊ အတွေ့အကြုံလေးတွေ share ခဲ့ကြပါအုံး ၊၊ ဘာပဲ ဖြစ်ဖြစ် ဖိုက်တင်းပါ ၊၊ 5 လတောင် ကျန်သေးတာမို့ အချိန်တွေ အများကြီး ရှိပါသေးတယ် အတူတူကြိုးစား လို့ရပါတယ် ၊၊
Admin တို့နဲ့ အတူတူ ကြိုးစားပြီး နောက် 5 လ အတွင်းမှာ glow up နိုင်ဖို့ Challenge လေးလုပ်ဖို့ စီစဥ် ထားပါတယ်၊၊ ဒီတစ်ခေါက် Challenge လေးကတော့ Paid challenge လေး ဖြစ်သွားပါမယ်ရှင့်၊၊ လိုက်ပြီး လုပ်ချင်ကြတဲ့ သူတွေလည်း commitment တစ်ခု ရှိသွားအောင် fees တစ်ခုနဲ့ စီစဥ်ပြီး လုပ်ပေးထားပါတယ်၊၊
အခု admin ကိုယ်တိုင်က One - One Paid Challenge လေးတွေ လုပ်ပေးနေပါတယ် ၊၊
ဒီ Challenge မှာက လူဦးရေလည်း နည်းနည်း နဲ့ လုပ်ပေးသွားမှာပါ၊၊ fees လည်း ရှိတဲ့ အတွက် ဒီ ရက် 30 အတွင်း တစ်ကယ် လုပ်နိုင်တဲ့ သူမှ လာခဲ့လို့ရပါတယ်၊၊ ငွေ ရော ၊အချိန်ရော ပေးရမှာ ဖြစ်ပါတယ်၊၊ အက်မင် တွေဘက်ကလည်း လာပြီး Challenge join တဲ့ သူတွေအတွက် အချိန်ပေး စဥ်းစားပြီး လုပ်ပေးထားတဲ့ ရက် ၃၀ စာရယ် နဲ့ ဘေးကနေလည်း အများကြီး ဖေးမ ကူညီ ပေးသွားမှာ ဖြစ်ပါတယ်၊၊
Challenge လေးက ဘာအတွက် လုပ်မှာလဲ ဆိုတော့ Detox Challenge လေးပါ ဘဝ မှာ ကိုယ့်ကို ဖျက်စီးနေတဲ အလေ့အကျင့် အမူအကျင့် တွေကို Detox လုပ်မှာပါ၊၊ ပြီးတော့ Healing session လေးတွေလည်း ပါပါမယ်ရှင့် ၊၊ အခုလောလောဆယ် သတ်မှတ်ထားတာတော့ 2 ကြိမ် လုပ်ပေးပါမယ်၊၊ 2 ကြိမ်ထက်ပိုပြီး လုပ်ပေးတာမျိုးလေးတော့လည်း ရှိနိုင်ပါတယ်၊၊ လူအနည်းငယ်နဲ့ ဖြစ်တဲ့ အတွက် 7 ယောက် သတ်မှတ်ထားပါတယ် ၊၊ အခုလောလောဆယ် Target အနေနဲ့ကတော့ 5 ယောက်
ပြည့်တာနဲ့ Challenge စသွားမှာပါ၊၊
Challenge အသေးစိတ် လေး သိချင်ရင်တော့
@Call_me_thell
Telegram account မှာ မေးမြန်းနိုင်ပါတယ်ရှင့်၊၊
#ThelinProgress
#callmethel
#challenge
#30dayschallenge


