CI မလို ပန်းရောင်ကတ်နှင့် အလုပ်လုပ်ခွင့်ရဖို့ ထိုင်းရောက်မြန်မာတို့ ကြိုးပမ်း
ဧရာဝတီ၊ အောက်တိုဘာ ၂၀၊ ၂၀၂၆
အာဏာသိမ်းအစိုးရက မိသားစုလွှဲငွေနှင့် တနှစ်စာအခွန်ဆောင်ပြီးမှ မည်သူဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) လုပ် ပေးမည်ဟု ဆိုနေချိန် ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများကိုယ်စားပြု ညှိနှိုင်းရေးကော်မတီ (MMWRCCT) က ဦးဆောင်ပြီး ထိုင်းအစိုးရထံ (CI) မလိုဘဲ တရားဝင် အလုပ်လုပ်ခွင့်ရရှိရေး တောင်းဆိုလိုက်သည်။
ထိုင်းအစိုးရထံ တောင်းဆိုသည့် အချက်များမှာ CI စာအုပ်မလုပ်ရရေး၊ CI နှင့် ပတ်စ်ပို့မလိုဘဲ ပန်းရောင်ကတ်နှင့် Work Permit တွဲ၍ တရားဝင်အလုပ်လုပ်ခွင့်ရရေး၊ ဗီဇာမရှိဘဲ Work Permit သက်တမ်းတိုးခွင့်ရရေး၊ Work Permit နှင့် တွဲပြီး ပန်းရောင်ကတ်ဖြင့် ဗီဇာထုတ်ပေးရေးဆိုသည့် ၄ ချက်တို့ဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်မှစ၍ အွန်လိုင်းပေါ်တွင်လည်း ဓာတ်ပုံကမ်ပိန်း ပြုလုပ်လျက်ရှိသည်။
NUG အစိုးရ အလုပ်သမားရေးရာဦးစီးဌာန လူသားချင်းစာနာဝန်ကြီးဌာနကလည်း ထိုင်းရောက် မြန်မာရွှေ့ ပြောင်းလုပ်သား များ ပန်းရောင်ဘတ်ကတ်၊ Work Permit တို့ဖြင့် တရားဝင်နေထိုင် အလုပ်လုပ်ခွင့် ရရှိရေး ကမ်ပိန်းစတင်နေကြောင်း ကြေညာထားသည်။
“ထိုင်းနိုင်ငံမှာနေထိုင်အလုပ်လုပ်ခွင့်ရနေတဲ့အတွက် အလုပ်သမားတွေရဲ့ အခွန်အခဟာလည်း ထိုင်းနိုင်ငံအတွက်ပဲ ဖြစ်သင့် ပါတယ်။ ပတ်စပို့တောင်မှ ဖြောင့်ဖြောင့်တန်းတန်း မလုပ်ပေးနိုင်တဲ့သူကို အခွန်မပေးဆောင်ချင်တာ အလုပ်သမား တိုင်းရဲ့ ဆန္ဒပါ”ဟု ချွန်ဘူရီတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားတဦးက ပြောသည်။
အဆိုပါ လှုပ်ရှားမှုကို အောက်တိုဘာ ၁၄ ရက်တွင် စမွတ်ဆာခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့၌ CI စခန်းများ စတင်ဖွင့်လှစ်ပြီးနောက် အောက်တိုဘာ ၁၈ ရက်မှစ၍ ကမ်ပိန်းပြုလုပ်နေခြင်း ဖြစ်သည်။
ယခုနှစ် CI စာအုပ်လုပ်ရာတွင် အလုပ်သမားများ၏ လုပ်ခ ၂ လစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ ပြန်လွှဲထားကြောင်း အထောက်အထား တင်ပြခိုင်းခြင်းမှာ အဓိက အခက်အခဲနှင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့်အတွက် ယခုလှုပ်ရှားမှု၌ ပါဝင်လာ ရခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောဆိုကြသည်။
ဦးခိုင်ကြီးက “လက်ရှိ ပန်းရောင်ကတ်နဲ့ နေလို့ရအောင် ကမ်ပိန်း လုပ်တယ်။ သက်တမ်းတိုးတဲ့ကိစ္စတွေကို ဖိအားပေးပြီး တော့ အခွန်ကောက်နေတာတွေ၊ အိမ်ပြန်ပို့ရမယ့် ၂၅ ရာခိုင်နှုန်း ပြခိုင်းတာတွေက အာဏာရှင်ကို သွားတားလို့ မရဘူး။ တားလို့ရတာဟာ အလုပ်သမားပဲ။ တောင်းတဲ့သူက တောင်းတယ်။ ပေးတဲ့သူက ပေးနေသ၍ ဘယ်တော့မှ မပြတ်တော့ ဘူး။ သံသရာလည်နေမှာ။ ဒါဟာ ဘယ်သူ့ကိုမှ ကန့်လန့်တိုက်တာ မဟုတ်ဘူး။ ဆန္ဒပြတာလည်း မဟုတ်ဘူး။ ထိုင်းအစိုးရ ကိုလည်း ဖိအားပေးပြီး ဒါကို မလုပ်ဘူး ပြောတာလည်းမဟုတ်ဘူး။ ဒါလေးကိုပဲ တောင်းဆိုတာ။ ဘာဥပဒေနဲ့မှလည်း မငြိဘူး။ ဒါလေးနဲ့ လုပ်ခွင့်ရမလားဆိုပြီး တောင်းဆိုကြတာပါ”ဟု ပြောသည်။
ထိုသို့ ငွေလွှဲရာတွင် ငွေလဲနှုန်းကွာဟမှု၊ စာရွက်စာတမ်းလိုအပ်ချက်နှင့် တရားဝင်ငွေလွှဲစနစ် အသုံးပြုရာ၌ ကြုံရသည့် နည်းပညာ အခက်အခဲများကြောင့် တရားဝင်ဘဏ်လမ်းကြောင်းတွေထက် ဟွန်ဒီကဲ့သို့ အလွတ်သဘော ငွေလွှဲစနစ် များကို အသုံးပြုနေရခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။
ထိုင်းနိုင်ငံရှိ "Bright Future" မြန်မာအလုပ်သမားကွန်ရက်က ဆူရတ်ဂျ်ဂီရီ ဦးဆောင်ပြီး ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများကို CI ထုတ်ပေးမှု ဖျက်သိမ်းပေးရေးနှင့် လုပ်သားများအပေါ် အမြတ်ထုတ်နေသည့် ပွဲစားများ ဖမ်းဆီးအရေးယူပေးရေး ထိုင်းအောက်လွှတ်တော်အလုပ်သမားရေးရာကော်မတီထံ အောက်တိုဘာလ ၇ ရက်က သွားရောက်တောင်းဆိုထားသည်။
မြန်မာအလုပ်သမားများ၏ တောင်းဆိုချက်များတွင် CI ထုတ်ပေးသည့်စင်တာများ၏ လုပ်ထုံးလုပ်နည်းများမှာ အချို့ကဏ္ဍများမှာ အလွန်ရှုပ်ထွေးနေပြီး ကုန်ကျစရိတ် မြင့်မားခြင်း၊ တရားဝင်စနစ်ပြင်ပမှ အခကြေးငွေ တောင်းခံမှုများ ရှိနေခြင်းတို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ငွေကြေးပိုမိုကုန်ကျနေရပြီး ဝန်ထုပ်ဝန်ပိုး ပိုမိုကြီးမားလာကာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း ပြောထားသည်။
အလုပ်သမားများအနေဖြင့် CI လုပ်ရန်အတွက် ပိုမိုကုန်ကျနေသလို ပွဲစားများကလည်း အခကြေးငွေများကို ပိုမို ကောက်ခံခြင်းတို့ ရှိနေရာ ပန်းရောင်ကတ် တခုတည်းကိုသာ အထောက်အထားအဖြစ် ထိုင်းအစိုးရမှ လက်ခံပေးရန် တောင်းဆိုထားကြောင်း သိရသည်။
မြန်မာအလုပ်သမားအများစုသည် ထိုင်းဘာသာစကားနှင့် စာရွက်စာတမ်းလုပ်ထုံးလုပ်နည်းများ မကျွမ်းကျင်မှုကြောင့် ပွဲစားများကို မှီခိုနေရပြီး တရားဝင်ကုန်ကျစရိတ်ထက် ပိုမိုတောင်းခံခြင်း၊ အလုပ်ပြောင်းခအမည်ခံ ငွေကောက်ခံခြင်း၊ စာရွက်စာတမ်းလုပ်ပေးမည်ဆိုပြီး ငွေယူကာ အလိမ်ခံရခြင်းများလည်း ကြုံတွေ့နေရကြောင်း သိရသည်။
မြန်မာအလုပ်သမားများထံမှ CI စင်တာများ ဖျက်သိမ်းရေးတောင်းဆိုမှုစာကို ထိုင်းအလုပ်သမားရေးရာကော်မတီ၏ ကော်မတီဝင်နှင့် အကြံပေးပုဂ္ဂိုလ်ဖြစ်သူက ယခုပြဿနာသည် အလုပ်သမားများ၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုဘဝအပေါ် များစွာသက်ရောက်မှုရှိနေကြောင်း၊ ကော်မတီအနေဖြင့် အဆိုပါကိစ္စရပ်ကို အလေးအနက်ထား စဉ်းစားသွားမည်ဖြစ်ပြီး အမြန်ဆုံး
37
17
1October 20, 2026 4.2K 4