ကျပ်ငွေတန်ဖိုး ဘာကြောင့် မတည်ငြိမ်တာလဲ ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆…

ကျပ်ငွေတန်ဖိုး ဘာကြောင့် မတည်ငြိမ်တာလဲ

ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆

အာဏာသိမ်းခေါင်းဆောင်ဖန်တီးထားတဲ့ လွှတ်တော်ကနေ ဗဟိုဘဏ်ချေးငွေ ကျပ် ၂၁၀၀ ဘီလီယံနဲ့ ဘီလာရုစ် နိုင်ငံဆီက အတိုးနှုန်းမြင့်ချေးငွေတွေ ရယူဖို့ အတည်ပြုလိုက်ပြီးတဲ့နောက် ပြည်တွင်းငွေကြေး ဈေးကွက်မှာ ကျပ်ငွေတန်ဖိုး မတည်မငြိမ် ဖြစ်ပြီး ထိုးကျသွားခဲ့ပါတယ်။

စစ်တပ်လွှတ်တော်ကနေ ဒီနှစ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် စစ်အစိုးရရဲ့ ဘက်ဂျက်လိုငွေဟာ ကျပ်ဘီလီယံပေါင်း ၈၉၀၀ ကျော် အထိ ရှိနေတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က တင်ပြခဲ့ပါတယ်။ ဒီပမာဏဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘက်ဂျက်လိုငွေပြမှု အများဆုံး စံချိန်ဖြစ်လာတာပါ။

တဖက်မှာလည်း စစ်အစိုးရက ဗဟိုဘဏ်ဆီကနေ ငွေချေးယူမယ့်အပေါ် ငွေစက္ကူအသစ်တွေ ထပ်မံရိုက်ထုတ်ပြီး ငွေကြေးဖောင်းပွမှုတွေ ပိုဆိုးလာမှာကို လူထုကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

အစိုးရကို ငွေချေးတိုင်း ငွေသစ်ရိုက်ထုတ်တာ မဟုတ်ဘူးဆိုပေမဲ့ ငွေစက္ကူ ဘယ်လောက်ရိုက်ထုတ်တယ်ဆိုတဲ့ ပမာဏကို ပွင့်လင်းမြင်သာစွာထုတ်ပြန်တာ မရှိတဲ့အတွက် ငွေသစ်မရိုက်ဘူးလို့ ယူဆလို့မရကြောင်း စီးပွားရေးပညာရှင်တွေနဲ့ ဘဏ်ဝန်ထမ်းတွေက ထောက်ပြကြပြီး ဒါဟာလည်း ကျပ်ငွေတန်ဖိုး မတည်မငြိမ်ဖြစ်ရတဲ့ အဓိကအချက်တခု ဖြစ်လာတာပါ။

https://youtu.be/AN9jQG7raVE

#မြန်မာ #ဧရာဝတီ #ငွေစက္ကူ #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤23👍19🤔2😭2😁1
October 16, 2026 4.5K 5