CI လုပ်ဖို့ မိသားစုပို့ငွေ အထောက်အထားပြခိုင်းမှု ထိုင်းရောက်လုပ်သားများ ပိုမိုဝန်ပိလာ
ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆
ထိုင်းနိုင်ငံရှိ အထောက်အထား မပြည့်စုံသည့် မြန်မာလုပ်သားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) လုပ်ရာတွင် မိသားစုထံ ငွေလွှဲအထောက်အထား တင်ပြခိုင်းခြင်းသဖြင့် ဝန်ထုပ်ဝန်ပိုးအခက်အခဲကြုံရကြောင်း ရွှေ့ပြောင်းလုပ်သားများက ပြောသည်။
အောက်တိုဘာ ၁၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည့် CI စခန်းများ၌ စာအုပ် လာရောက် လျှောက်ထားသူများအနေဖြင့် တနှစ်အတွက် အခွန် ဘတ် ၁,၈၀၀နှင့် အခြေခံလစာ ၃ လစာ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်း (ဘတ် ၆,၀၀၀) ကို မိသားစုထံ လွှဲပို့ထားကြောင်း အထောက်အထားများ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း အာဏာသိမ်းအစိုးရ အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/16/417071.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

ဧရာဝတီ
CI လုပ်ဖို့ မိသားစုပို့ငွေ အထောက်အထားပြခိုင်းမှု ထိုင်းရောက်လုပ်သားများ ပိုမိုဝန်ပိလာ
သူတို့သတ်မှတ်ထားတဲ့ ဘဏ်နဲ့ မလွှဲနိုင်ဘူး။ သူတို့ ဘဏ်က ထိုင်း၁ဘတ်ကို ၆၀ပဲ ပေးတယ်။ အပြင်မှာ ထိုင်း၁ဘတ်ကို ကျပ် ၁၃၀ ကျော်တယ်။ အဲ့လောက်ကြီးကွာနေတာကျတော့ ငါတို့လုပ်အားတွေကို ဂုတ်သွေးစုပ်နေတာနဲ့ ဘာထူးလို့လဲ။ CI ဖိုးတောင် သောင်းကျော်ဈေးရှိနေတာ အခွန်နဲ့ ငွေလဲ စလစ်…
17
9
4
2
2October 16, 2026 3.5K 5