မဟာစည်ဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့ ကျောင်းကို စစ်တပ်ဗုံးကြဲ…

မဟာစည်ဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့ ကျောင်းကို စစ်တပ်ဗုံးကြဲ

မဟာစည်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောဘန သီတင်းသုံးတော်မူခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာက သမိုင်းဝင်မဟာစည်ကျောင်းကို အောက်တိုဘာလ ၁၁ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ရွှေဘိုမြို့ပြည်သူ့ကာကွယ်ရေး အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့ဟာ တော်သလင်းလကွယ်နေ့ ဖြစ်တာကြောင့် ဥပုသ်သတင်းသီလယူနေစဉ်ကြဲချ သုံးကြိမ်တိုင်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်လို့ ဥပုသ်သီလယူနေတဲ့သက်ကြီးရွယ်အို နဲ့ ကျောင်းတိုက်တွင်း နေထိုင်နေတဲ့ စစ်ရှောင်ပြည်သူ ၂ ဦးသေဆုံးခဲ့ရပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

#မြန်မာ #ဧရာဝတီ #မဟာစည်ဆရာတော် #စစ်ကိုင်း #ရွှေဘိုမြို့နယ် #ဘုန်းကြီးကျောင်း #မဟာစည်ကျော် #ဥပုသ် #ပြည်သူ #WhatsHappeningInMyanmar
👎41😭11😁3❤2
October 13, 2026 2.7K 5