အန်ဝါ-မင်းအောင်လှိုင် ဆွေးနွေးပွဲ နောက်ကွယ် နိုင်ငံရေး… — The Irrawaddy - Burmese — TG.ME

အန်ဝါ-မင်းအောင်လှိုင် ဆွေးနွေးပွဲ နောက်ကွယ် နိုင်ငံရေး ရည်ရွယ်ချက်များ ရှိနေ

သတင်း | ဖိုးတာ ၊ အောက်တိုဘာ ၈၊ ၂၀၂၆။

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နှင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် မလေးရှားရောက် မြန်မာနိုင်ငံသားများ ပြန်လည်ပို့ဆောင်ရေးကိစ္စကို အဓိကထား ဆွေးနွေးမည်ဟု မျှော်လင့်ရသော်လည်း၊ ဤတွေ့ဆုံမှုသည် လူ့အခွင့်အရေး မူဝါဒများအပေါ် အခြေခံခြင်း မဟုတ်ဘဲ ခေါင်းဆောင်နှစ်ဦးစလုံး၏ နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချမှုတခုမျှသာ ဖြစ်ကြောင်း ဝေဖန်သူများက ပြောဆိုကြသည်။

ခရီးစဉ်အပေါ် ဝေဖန်မှုများ ထွက်ပေါ်နေသည့်ကြားမှ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်သည် အန်ဝါ၏ ဖိတ်ကြားချက်အရ ဗုဒ္ဓဟူးနေ့ မွန်းတည့်ချိန်တွင် ကွာလာလမ်ပူသို့ ရောက်ရှိခဲ့သည်။ ထို့နောက် နေ့လယ်ပိုင်းတွင် နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲ (Business Dialogue) သို့ တက်ရောက်ခဲ့သည်။

မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်နေကြသော “တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် မြန်မာနိုင်ငံသားများကို ဂုဏ်သိက္ခာရှိစွာ၊ ဘေးကင်းလုံခြုံစွာနှင့် မိမိဆန္ဒအလျောက် ပြန်လည်ပို့ဆောင်ရေး” အပါအဝင် အဓိက နှစ်နိုင်ငံရေးရာကိစ္စများကို အန်ဝါနှင့် မင်းအောင်လှိုင်တို့ ဆွေးနွေးမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/08/416884.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ဧရာဝတီ
အန်ဝါ-မင်းအောင်လှိုင် ဆွေးနွေးပွဲ နောက်ကွယ် နိုင်ငံရေး ရည်ရွယ်ချက်များ ရှိနေ
အန်ဝါ၏ ပြန်လည်ပို့ဆောင်ရေး အစီအစဉ်သည် မလေးရှားနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သားများအပေါ် ဆန့်ကျင်သည့် စိတ်ဓာတ်များ မြင့်တက်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
👎43❤5👍3🤔1😭1
October 8, 2026 3.8K 3