မြန်မာ့လေတပ်ရဲ့ လူသတ်ပွဲများကို ဆက်ပြီး အသက်သွင်းနေသူများ ဧရာဝတီ၊… — The Irrawaddy - Burmese — TG.ME

မြန်မာ့လေတပ်ရဲ့ လူသတ်ပွဲများကို ဆက်ပြီး အသက်သွင်းနေသူများ

ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၆

ဒီလူသတ်ပွဲတွေ အားလုံးရဲ့ နောက်ကွယ်က တရားခံဖြစ်တဲ့ မင်းအောင်လှိုင်နဲ့ အခုအချိန်ထိ လက်ဆွဲနှုတ်ဆက်နေကြတဲ့၊ သူ့ကို နိုင်ငံတော်အဆင့် ခရီးစဉ်တွေနဲ့ ဖိတ်ခေါ်ပြီး ကော်ဇောနီခင်း ကြိုဆိုနေကြတဲ့၊ ပြည်တွင်းမှာ အရပ်သားတွေကို ဗုံးကြဲနေတဲ့ စစ်အစိုးရကို ပုံမှန်အစိုးရတရပ်လို ဆက်ဆံနေတဲ့ နိုင်ငံတကာကအစိုးရတွေလည်း ဒါကို စဉ်းစားသင့်ပါတယ်။

ဘယ်သူတွေ ဗုံးကြဲခဲ့သလဲဆိုတာကို သမိုင်းက မှတ်တမ်းတင်ပါလိမ့်မယ်။ ဘယ်သူတွေက ငွေကြေးလမ်းကြောင်းတွေ ဖွင့်ပေးထားသလဲ၊ ဘယ်သူတွေက လေယာဉ်ဆီ ပို့ပေးနေသလဲ၊ ဘယ်သူတွေက မြန်မာစစ်တပ်နဲ့ ဘာမှမဖြစ်သလို ပုံမှန်ဆက်ဆံနေသလဲဆိုတာကိုလည်း သမိုင်းက မှတ်တမ်းတင်မှာပါ။

ဘယ်သူတွေက မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့ပြီး ဘယ်သူတွေက ဆန့်ကျင်ဘက်မှာ ရပ်တည်ခဲ့သလဲဆိုတာကိုလည်း ပြည်သူတွေက အမှတ်ရနေပါလိမ့်မယ်။ ကျောက်တော်က ဓာတ်ပုံတွေကို မြင်တွေ့ခဲ့ရသူ ဘယ်သူမဆို “ဒါတွေကို မသိခဲ့ဘူး” လို့ နောင်တနေ့မှာ ဆင်ခြေပေးလို့ ရတော့မှာ မဟုတ်ပါဘူး။

https://youtu.be/Oqqx9Xu3H3A

#မြန်မာ #ဧရာဝတီ #ဗုံးကြဲ #ကျောက်တော် #AA #WhtasHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
YouTube
မြန်မာ့လေတပ်ရဲ့ လူသတ်ပွဲများကို ဆက်ပြီး အသက်သွင်းနေသူများ | The Irrawaddy
ဒီလူသတ်ပွဲတွေ အားလုံးရဲ့ နောက်ကွယ်က တရားခံဖြစ်တဲ့ မင်းအောင်လှိုင်နဲ့ အခုအချိန်ထိ လက်ဆွဲနှုတ်ဆက်နေကြတဲ့၊ သူ့ကို နိုင်ငံတော်အဆင့် ခရီးစဉ်တွေနဲ့ ဖိတ်ခေါ်ပြီး ကော်ဇောနီခင်း ကြိုဆိုနေကြတဲ့၊ ပြည်တွင်းမှာ အရပ်သားတွေကို ဗုံးကြဲနေတဲ့ စစ်အစိုးရကို ပုံမှန်အစိုးရတရပ်လို…
👍49❤9😁4👎2
October 6, 2026 3.4K 3