တရုတ်နှင့် ကုန်သွယ်ရေးမြှင့်ရန် ရွှေလီမြစ်ကူး တံတားဆောက်ဖို့ TNLA… — The Irrawaddy - Burmese — TG.ME

တရုတ်နှင့် ကုန်သွယ်ရေးမြှင့်ရန် ရွှေလီမြစ်ကူး တံတားဆောက်ဖို့ TNLA ပြင်ဆင်နေဟုဆို

သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၅၊ ၂၀၂၆

တရုတ်နှင့် ကုန်သွယ်ရေးမြှင့်ရန် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)က ရှမ်းမြောက် ဒေသ နမ့်ခမ်းမြို့နယ်တွင် ဝန်တင်အား တန် ၁၀၀ အထိ ခံနိုင်သည့် နှစ်လမ်းသွား ရွှေလီမြစ်ကူးတံတားသစ်တည်ဆောက် ရန် စီစဉ်နေကြောင်း ဒေသခံတို့က ဆိုသည်။

TNLA ထိန်းထားသော နမ့်ခမ်းမြို့ အနောက်ဘက် ၂ မိုင်ကျော် အကွာရှိ တခုတည်းသော နမ့်ခမ်း- နောင်တောင်း နယ်စပ် ကုန်သွယ်ရေးစခန်းကို စက်တင်ဘာလကစ၍ အဆင့်မြှင်တင်ရန် လုပ်နေသလို တရုတ်ဘက်ကလည်း အဆင့်မြင့် ကုန်သွယ်ရေးဂိတ်စခန်း တည်ဆောက်ပြီးစီးသွားပြီဖြစ်သည်။

ထိုစီမံကိန်းတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ အဓိကကျရာ ရွှေလီမြစ်ကို စက်လှေအသုံးပြု ကူးလူးခြင်း မပြုတော့ဘဲ ဝန်တင်အား တန် ၁၀၀ အထိ ခံနိုင်သည့် နှစ်လမ်းသွား ရွှေလီမြစ်ကူးတံတားသစ် တည်ဆောက်မည်ဖြစ်သလို ခေတ်မီ နယ်စပ်ဂိတ်၊ စစ်ဆေးရေးကွင်းများ၊ ဇေယျသုခ လမ်းပိုင်းကို ၁၀ ပေ ချဲ့ထွင်ခြင်းနှင့် နောင်တိန်ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်းတို့လည်း ပါဝင်သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/05/416809.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ဧရာဝတီ
တရုတ်နှင့် ကုန်သွယ်ရေးမြှင့်ရန် ရွှေလီမြစ်ကူး တံတားဆောက်ဖို့ TNLA ပြင်ဆင်နေဟုဆို
နမ့်ခမ်းမြို့ အနောက်ဘက် ၂ မိုင်ကျော်အကွာရှိ နမ့်ခမ်း- နောင်တောင်း နယ်စပ်ကုန်သွယ်ရေးဂိတ်၌ တရုတ်ဘက်ခြမ်းတွင် အဆင့်မြင့် ကုန်သွယ်ရေးဂိတ်စခန်း တည်ဆောက်ပြီးစီးသွားပြီ ဖြစ်သလို TNLA ဘက်မှလည်း စက်တင်ဘာလအတွင်းမှစကာ နယ်စပ်ဂိတ် အဆင့်မြှင့်တင်ရေး လုပ်ငန်းများ စတင်
😁26👍11❤7👎3😭2
October 5, 2026 4.2K