Spooky in Love (2026) * အပိုင်းသစ် 11 ဒီဇာတ်လမ်းတွဲလေးဟာ ၂၀၁၁ ခုနှစ်က… — Gold Land Mmsub — TG.ME

Spooky in Love (2026) * အပိုင်းသစ် 11 ဒီဇာတ်လမ်းတွဲလေးဟာ ၂၀၁၁ ခုနှစ်က နာမည်ကြီးရုပ်ရှင် “Spellbound” ကို ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး Master's Sun တို့ Hotel Del Luna တို့လို ဇာတ်လမ်းမျိုး ကြိုက်သူတွေ ကြည့်သင့်တဲ့ ကားသစ်လေးဖြစ်ပါတယ်။ Extraordinary Attorney Woo, Hyper Knife, The Wonderfools စတဲ့နာမည်ကြီးဇာတ်လမ်းတွဲတွေမှာ ကျရာဇာတ်ရုံကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့တဲ့ မမလှလှ Park Eun Bin ကို ဒီတစ်ခေါက်မှာတော့ ကြွယ်ဝချမ်းသာတဲ့လုပ်ငန်းစုကြီးတစ်ခုရဲ့အမွေခံသူဌေးသမီးတစ်ဦးအနေနဲ့ရော ဟိုတယ်ပိုင်ရှင်မလေးအနေနဲ့ပါ တွေ့မြင်ရမှာပါ။ တွဲဖက်မင်းသားတွေအနေနဲ့လည်း Doona ထဲက မင်းသားချော Yang Se Jong နဲ့ Wanna One ရဲ့ အသည်းကျော်လေး Ong Seong Woo လည်း ပါဝင်ထားသေးပြန်တာမို့ ဇာတ်ဆောင်တွေကတော့ မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ ဇာတ်လမ်းအကျဥ်းအနေနဲ့ Raina ဟိုတယ်ပိုင်ရှင်ဖြစ်တဲ့ သူဌေးသမီးလေး ချွန်းယောရီ (Park Eun Bin) ဟာဆိုရင် ထူးထူးဆန်းဆန်း သရဲတွေကို မြင်နေရတဲ့သူဖြစ်တဲ့အပြင် သူ့ကိုထိမိတဲ့လူတွေကိုပါ သရဲတွေကို လိုက်မြင်ရစေတဲ့ ကျိန်စာလိုမျိုးစွမ်းရည်ကို ပိုင်ဆိုင်ထားသူပါ။ တစ်ဖက်မှာလည်း အမှုစစ်ရုံးမှာ မဖြေရှင်းနိုင်ဘဲ လက်ကျန်ဖြစ်နေတဲ့ လူသတ်မှုဟောင်းတွေကိုပဲ ဇွဲနပဲနဲ့လိုက်စုံစမ်းရတဲ့ တက်ကြွပြီး အလုပ်ကြိုးစားတဲ့ အမှုစစ်လေး မာဂန်းအု (Yang Se Jong) ကတော့ လူသတ်သမားတွေကို မကြောက်ဘဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်ရဲပေမဲ့ တကယ်တမ်း သူ့ရဲ့အကြီးမားဆုံးအားနည်းချက်က “ကမ္ဘာပေါ်မှာ သရဲတစ္ဆေကို အကြောက်ဆုံးပါ” ဆိုတဲ့လူမျိုးဖြစ်နေတာပါပဲ။ ဒီလိုနဲ့ ထူးခြားတဲ့စွမ်းရည်ရှိတဲ့ သူဌေးသမီးလေးနဲ့ သရဲတအားကြောက်တတ်တဲ့အားနည်းချက်နဲ့ ထက်မြက်တဲ့အမှုစစ်လေးတို့ မထင်မှတ်ထားတဲ့ လူသတ်မှုဟောင်းတစ်ခုရဲ့သဲလွန်စကနေတဆင့် စတင်ဆုံတွေ့မိကြရာကနေ အမှုတွေကို ဘယ်လိုအတွဲညီညီရင်ဆိုင်ဖြေရှင်းသွားကြမလဲဆိုတာကို ရယ်ရယ်မောမောကြောက်ကြောက်ရွံ့ရွံ့နဲ့ရှုစားရမှာပဲဖြစ်ပါတယ်။ 🍿တစ်နေရာထဲမှာ ဇာတ်ကားလေးတွေအစုံကြည့်ဖို့ Main Channel 📣 ကို Join ပေးထားကြပါဗျ ➡️Join⬅️ 📺 ဇာတ်ကားကြည့်ရန်နှိပ်ပါ ⬇️ https://t.me/lovenextdoor263/12942

August 22, 2026 691