Brothers (2026) သွေးရင်းတွေရဲ့နှလုံးသား (၂၀၂၆) Ep-2 Copyright… — Make It Right ( အချစ်လမ်းစ ) — TG.ME

Brothers (2026)
သွေးရင်းတွေရဲ့နှလုံးသား (၂၀၂၆)

Ep-2

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

မင်းသားNadechပါဝင်ထားပြီး အက်ရှင်ဒရာမာကားကောင်းတွေကို ကြိုက်နှစ်သက်သူတွေ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ထိုင်းဇာတ်လမ်းတွဲသစ်လေး ဖြစ်ပါတယ်..

အို့ အဖြစ် Nadech Kugimiya
ဒုမ် အဖြစ် James Ma
ဖွန် အဖြစ် Amanda Chalisa Obdam
ချမ့် အဖြစ် Aong Sittan Supakriangkrai

ဇာတ်လမ်းအကျဉ်း

မူးယစ်ဆေးဝါးနဲ့ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုရဲ့ နောက်ကွယ်က သြဇာကြီးမားတဲ့ 'အို့' ဆိုတဲ့ လူရဲ့ ရာဇဝတ်မှု‌တွေထဲကို လျှို့ဝှက်စုံစမ်းဖို့အတွက် လက်ဝှေ့သမား 'ဒုမ်' တစ်ယောက် သူလျိုအဖြစ် ဂိုဏ်းထဲကို ဝင်ရောက်ခဲ့ပါတယ်..

စုံစမ်းစစ်ဆေးမှုတွေ ပိုမိုပြင်းထန်လာတဲ့အခါမှာတော့ 'ဒုမ်'ရဲ့ ဇနီးဖြစ်သူ ရဲအရာရှိမလေး 'ဖွန်' က သူမရဲ့ခင်ပွန်းကို ကယ်တင်နိုင်ဖို့အတွက် 'အို့' ရဲ့ အန္တရာယ်များလှတဲ့ ဒုစရိုက်ကမ္ဘာထဲကို ကိုယ်တိုင်ဝင်ရောက်စုံစမ်းဖို့ ဆုံးဖြတ်ခဲ့ပါ‌တော့တယ်..

ဒါပေမယ့် မထင်မှတ်ဘဲ အန္တရာယ်ဇုန်ထဲမှာ 'ဖွန်' တွေ့လိုက်ရတာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပျောက်သွားခဲ့တဲ့ သူမရဲ့အချစ်ဦး 'အို့' ပဲ ဖြစ်နေခဲ့ပါတယ်.. အတိတ်က သံယောဇဉ်တွေကို ပြန်လည်နိုးထစေချင်တဲ့ အချစ်ဦး 'အို့' နဲ့ သူမကို ချစ်ခင်ယုယပေးတဲ့ ခင်ပွန်းဖြစ်သူ 'ဒုမ်' တို့နှစ်ယောက်ကြား စစ်မှန်တဲ့အချစ်နဲ့ သစ္စာဖောက်မှုတွေ ရောထွေးလာတဲ့အခါမှာ 'ဖွန်' တစ်ယောက် အခက်တွေ့တဲ့ ရွေးချယ်မှုကို ရင်ဆိုင်ရပါတော့တယ်..

တစ်ဖက်မှာလည်း အာဏာကို မက်မောပြီး မည်သူ့ကိုမဆို ရှင်းပစ်ဖို့ ပြင်ဆင်နေတဲ့ ရဲအရာရှိ 'ချမ့်' ကလည်း နောက်ကွယ်မှာ ချောင်းမြောင်းနေတဲ့အခါ...

လျှို့ဝှက်ချက်တွေ ပေါ်လာပြီး အသက်နဲ့ရင်းရမယ့် စိန်ခေါ်မှုတွေကြားထဲက သူတို့သုံးယောက်ရဲ့ ကံကြမ္မာ ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။


#Brothers #thaiseries #2026series #mmsub #blackhole
August 18, 2026 403