Juliet and Juliet (2026) မေတ္တာဖွဲ့ ဂျူလီယက် (၂၀၂၆) Ep-1 Copyright… — In Love Forever ( ရင်ထဲမှာ ထာဝရ ) — TG.ME

Juliet and Juliet (2026)
မေတ္တာဖွဲ့ ဂျူလီယက် (၂၀၂၆)

Ep-1

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

မိသားစုအမုန်းတရားတွေကြားထဲက တားမြစ်ထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်က ဘယ်လို နိဂုံးချုပ်သွားမှာလဲ..

ဘလူး အဖြစ် Nepjune Nutkitta Poonsukwattana
တိုကီယို အဖြစ် MingMing Kanyakorn Namboonruang

ဇာတ်လမ်းအကျဉ်း

မျိုးရိုးစဉ်ဆက် တာဝန်နဲ့ ဂုဏ်သိက္ခာတွေကို ဦးထိပ်ထားရတဲ့ "မွန်ချိုင်တကွန်" မိသားစုရဲ့ တစ်ဦးတည်းသော သမီးလေး "ဘလူး" တစ်ယောက် နယ်မြို့လေးတစ်မြို့မှာရှိတဲ့ ခရစ်ယာန်ကျောင်းတစ်ခုဆီကို ပြောင်းရွှေ့လာခဲ့ချိန်မှာတော့ သူ့ရဲ့ အေးစက်လှတဲ့ ကမ္ဘာငယ်လေး စတင်လှုပ်ခတ်သွားခဲ့ပါတော့တယ်...

ဒီကျောင်းမှာပဲ "ခုန်ပူရင်"မိသားစုရဲ့ ဩဇာကြီးမားလှတဲ့ "စီအာပို" ရဲ့ သမီးဖြစ်သူ "တိုကီယို" နဲ့ စတင်ဆုံတွေ့ခဲ့ရပြီး မထင်မှတ်ထားတဲ့ သံယောဇဉ်တွေ ငြိတွယ်မိလာခဲ့ကြပါတယ်

ဒါပေမယ့် ဒီချစ်ခြင်းမေတ္တာရဲ့ နောက်ကွယ်မှာတော့ နှစ်ပေါင်းများစွာ တင်းမာနေခဲ့တဲ့ မိသားစုနှစ်စုကြားက အာဏာလုပွဲနဲ့ အငြိုးအတေး အမုန်းတရားတွေက သွေးအေးအေးနဲ့ စောင့်ကြိုနေခဲ့တာ ဖြစ်ပါတယ်...

ရှေးရိုးစွဲ နယ်ပယ်ကြီးရဲ့ တားမြစ်ပိတ်ပင်မှုတွေကြားမှာ အချစ်ကို ရဲရဲဝံ့ဝံ့ ဆုပ်ကိုင်ချင်ကြတဲ့ "ဘလူး" နဲ့ "တိုကီယို" တို့ရဲ့ ပတ်သက်မှုက မိသားစုနှစ်စုရဲ့ နံပါတ်တစ် ရန်သူတော်ကြီး ဖြစ်လာတဲ့အခါ...

သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို သိရှိသွားပြီး ဖြိုခွင်းဖို့ ကြိုးစားလာတဲ့ မိသားစုအသိုင်းအဝိုင်းရဲ့ ဖိအားအပြင်..တစ်ဖက်မှာလည်း အကျိုးစီးပွားအတွက် အကွက်ရွှေ့နေတဲ့ အာဏာပိုင်တွေကြားမှာ..သူတို့နှစ်ယောက်ရဲ့ အရှုံးမပေးမယ့် ချစ်ခြင်းမေတ္တာတွေကသာ မျော်လင့်ချက် အလင်းရောင်ဖြစ်နေခဲ့ပါတယ် ..

အဲအတွက် "ရိုမီယိုနဲ့ ဂျူးလီယက်လိုမျိုး အလွမ်းဇာတ်သိမ်းသွားမလား" ဒါမှမဟုတ် "မိသားစုအမုန်းတရားတွေကို ချစ်ခြင်းမေတ္တာက အနိုင်ယူသွားနိုင်မလား" ဆိုတာကိုတော့ အတူတူကြည့်လိုက်ရအောင်။


#JulietandJuliet #thaiseries #2026series #mmsub #GL #blackhole
September 6, 2026 18