The Insipid Prince's Furtive Grab for the Throne
"အင်ပါယာတစ်ခုလုံးရဲ့ အမြင်မှာတော့ မင်းသား Arnold က တကယ့်ကို အသုံးမကျတဲ့ လူရွှင်တော်တစ်ယောက်လိုပါပဲ။ ပိုပြီး အရည်အချင်းရှိတဲ့ သူ့ရဲ့အမွှာညီအစ်ကို Leonard ရဲ့ အရိပ်အောက်မှာ လုံးဝကို ဖျောက်ဖျက်ခံထားရတဲ့ မင်းသားတစ်ပါးပေါ့။
ဒါပေမဲ့ ဒါဟာ အပေါ်ယံတင်ပါ။ ကွယ်ရာမှာတော့ Arnold က တစ်ကမ္ဘာလုံးမှာမှ ၅ ယောက်ထဲပဲရှိတဲ့ မှော်စွမ်းအားရှင် SS-rank စွန့်စားသူ 'Silver' အဖြစ် လျှို့ဝှက်လှုပ်ရှားနေသူ ဖြစ်ပါတယ်။
အိမ်ရှေ့မင်းသား နတ်ရွာစံပြီးနောက် ပလ္လင်လုပွဲ သွေးထွက်သံယိုတိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အခါမှာတော့ Arnold က သူ့ရဲ့ ရည်မှန်းချက်အောင်မြင်ဖို့အတွက် သူ့ရဲ့အမွှာညီအစ်ကို Leonard ကို ဧကရာဇ်အဖြစ် တင်မြှောက်နိုင်အောင် နောက်ကွယ်ကနေ ကြိုးကိုင်ခြယ်လှယ်ပါတော့တယ်။"



