ရိုးရိုးရှင်းရှင်းနဲ့ ဆန်းပြားအောင်လုပ်တတ်သလို ဆန်းကြယ်ပြီး ရိုးရှင်းအောင်လည်း လုပ်တတ်တဲ့ ဂျပန်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်လမ်းအခံ ဆန်းပြားပေမဲ့ ကျောရိုးက ရိုးရှင်းတဲ့ ဒရမ်မာကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Sakahira ဆိုတဲ့အထက်တန်းကျောင်းသားလေးရယ် Mizumura ဆိုတဲ့ အထက်တန်ကျောင်းသူလေးရယ် နှစ်ယောက်သား ရေကူးကန်ထဲကို ပြုတ်ကျသွားပြီးတော့ နောက်တစ်ရက်အရောက်မှာ ခန္ဓာကိုယ်ချင်း လဲသွားခဲ့ရော။ အဲဒါနဲ့ နှစ်ယောက်သား အချင်းချင်းတွေ့ကြ အဖြေတွေရှာကြနဲ့ ကြိုးစားပေမဲ့လည်း အရာမထင်ခဲ့ပါဘူး။ ဒီတော့ နှစ်ယောက်သား ဘာတိုင်ပင်လိုက်သလဲဆိုတော့ ကျရာဇာတ်ကောင်အတိုင်း အလိုက်သင့် စီးမျောနေထိုင်ကြမယ် တစ်ယောက်နဲ့တစ်ယောက် ဖြစ်ချင်တာတွေပြော တိုင်ပင်စရာရှိတာလည်း တိုင်ပင်ပြီး တစ်နှစ်ကိုတစ်ခါ တွေ့ရမယ်ဆိုပြီး စီစဉ်လိုက်ရာကနေ နှစ်ဦးသား ကိုယ်စီဘဝတုကို ဘယ်လို လျှောက်လှမ်းကြမလဲ ဘာတွေကြုံတွေ့ရမလဲ ဘာတွေဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် ဒရမ်မာကားလေးပဲ ဖြစ်ပါတယ်ဗျာ...
https://t.me/+I8Xhv5PxNMI5N2Jl
https://t.me/c/2125756884/1962






