The Edge Of Horizon (2026) ထီးနန်းရိပ်က တားမြစ်သက်လျာ (၂၀၂၆) Ep-11 (… — Fill the Beat ( နှလုံးသားရဲ့ စည်းချက်သံ ) — TG.ME

The Edge Of Horizon (2026)
ထီးနန်းရိပ်က တားမြစ်သက်လျာ (၂၀၂၆)

Ep-11 ( The End )

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

မင်းသား ထင်နာကွန် ဝါရာကူဝါထင် အဖြစ် Ongsa Ttuchh
ဖို့ ဖို့ထီ မန်ခွန်ဖက် အဖြစ် Inn Jakkrasin

ငယ်စဉ်ကလေးဘဝကတည်းက ခွဲလို့မရလောက်အောင်ကို ရင်းနှီးကြတဲ့ မင်းသားလေး ထင်နာကွန်နဲ့ အထိန်းတော်ကြီးရဲ့သားဖြစ်သူ ဖို့

နန်းတော်ရိုးမကြီးရဲ့အရိပ်အောက်မှာ သူတို့နှစ်ဦးရဲ့ အပြစ်ကင်းစင်တဲ့ ပထမဦးဆုံးအချစ်ပန်းလေးဟာ တိတ်တဆိတ် ဖူးပွင့်ခဲ့ဖူးပေမယ့် တင်းကျပ်လှတဲ့ ရှေးရိုးစဉ်လာထုံးတမ်းတွေ ကြီးမားလှတဲ့အဆင့်အတန်း ကွာဟမှုတွေနဲ့ တာဝန်ဝတ္တရားတွေကြားမှာ ဖူးပွင့်ခဲ့ရတဲ့အချစ်ပန်းလေးဟာ အကြင်နာကင်းမဲ့စွာနဲ့ စောစီးစွာပဲခြွေယူခံခဲ့ရပါတယ်

နှစ်တွေအတော်ကြာလာတဲ့အချိန်…. တစ်ယောက်ကတော့ တိုင်းပြည်နဲ့ ထီးနန်းရဲ့မျှော်လင့်ချက်တွေကို မဖြစ်မနေ ထမ်းပိုးထားရတဲ့ တာဝန်သိမင်းသားလေးတစ်ပါးဖြစ်လာခဲ့ပြီး အခြားတစ်ယောက်ကတော့ နန်းတော်တံခါးပြင်ပက လွတ်လပ်တဲ့သာမန်ဘဝကို တောင့်တနေခဲ့သူအဖြစ် မတူညီစွာရှင်သန်ခဲ့ကြရင်း

တိုင်းပြည်ရဲ့လှိုင်းထန်လှတဲ့ သမိုင်းဝင် အချိုးအကွေ့တစ်ခုမှာ ကံကြမ္မာက သူတို့နှစ်ဦးကို မျက်နှာချင်းဆိုင် ပြန်လည်ဆုံတွေ့စေတဲ့အခါ အဆင့်အတန်းခွဲခြားမှု ဂုဏ်သိက္ခာနဲ့ရေးဆွဲထားတဲ့ စည်းမျဉ်းတွေ ကြီးစိုးနေတဲ့ ဒီလောကကြီးမှာ သူတို့နှစ်ဦးရဲ့အချစ်ဟာ တိုင်းပြည်က လုံးဝခွင့်မပြုနိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်နေခဲ့ပါတယ်

ရှင်သန်ခွင့်မရှိပါဘူးလို့ ပြဋ္ဌာန်းထားတဲ့ ဒီမြေပြင်ပေါ်မှာ……
သူတို့ရဲ့အချစ်တွေဟာ တကယ်ပဲ အမြစ်တွယ် ရှင်သန်ခွင့် ရနိုင်ပါ့မလား...
တာဝန်လား အချစ်လား…
ထီးနန်းရဲ့တာဝန်ဝတ္တရားနဲ့ ကိုယ်ပိုင်နှလုံးသားရဲ့အားပြိုင်မှုကြားမှာ ဘယ်အရာက ရှင်သန်ကျန်ရစ်နေခဲ့မလဲ….

အဆင့်တန်းကွာခြားလှတဲ့လူနှစ်ဦးကြားက ဘဝအတွက်ရုန်းကန်မှုတွေ တင်းမာမှုတွေကို အချစ် အလွမ်း အဆွေးအပြည့်နဲ့ ခံစားချက်ပေါင်းများစွာကို တစ်ခါတည်းခံစားနိုင်မယ့် ဇာတ်လမ်းကောင်းလေးတစ်ခုမို့ အပတ်စဉ် စနေနေ့တိုင်း စောင့်မျှော်ကြည့်ရှူလိုက်တော့နော်


#TheEdgeOfHorizon #thaiseries #2026series #mmsub #BL #blackhole
August 30, 2026 33