Mr Kill (2026) သေမင်းမန်ဂါ (၂၀၂၆) Ep-5,6,7,8 Copyright ထိနိုင်လို့… — Fill the Beat ( နှလုံးသားရဲ့ စည်းချက်သံ ) — TG.ME

Mr Kill (2026)
သေမင်းမန်ဂါ (၂၀၂၆)

Ep-5,6,7,8

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

Kay အဖြစ် Dew Jirawat Sutivanichsak
Phat အဖြစ် Tee Teeradech Vitheepanich

ဇာတ်လမ်းကတော့ Kay ဆိုတဲ့ နာမည်ကြီး မန်ဂါစာအုပ် ရေးဆွဲတဲ့ အနုပညာရှင်ကောင်လေးဆီကနေ စတာပါ

တစ်ရက်မှာတော့ မြို့ထဲမှာ ကွင်းဆက်လူသတ်မှု တွေ ဖြစ်ပွားလာခဲ့တယ်

ထူးဆန်းတာက အသတ်ခံရတဲ့သူတွေရဲ့ ကိုယ်ရေးရာဇဝင် အသတ်ခံရတဲ့ ပုံစံတွေနဲ့ လူသတ်မှုဖြစ်တဲ့ နေရာတွေအားလုံးက Kay အရင်တုန်းက ရေးဖူးခဲ့တဲ့ မန်ဂါစာအုပ်ထဲက အခန်းတွေနဲ့ အကုန်လုံး ထပ်တူကျနေတာပါပဲ

ဒီလိုနဲ့ လူသတ်မှုကို လိုက်လံစုံစမ်းနေတဲ့ ရဲအရာရှိ Phat က Kay ကို သံသယရှိပြီး စောင့်ကြည့်ရင်းကနေ... သူတို့နှစ်ယောက် အခြေအနေအရ ကြုံကြိုက်ပြီး အမှုမှန်ကို ဖော်ထုတ်ဖို့ လူသတ်သမားကို ဖမ်းဖို့ အတူတူ ပူးပေါင်းလိုက်ရပါတော့တယ်

အမှုလိုက်ရင်းနဲ့ သူစိမ်းနှစ်ယောက်ကြားမှာ ယုံကြည်မှုတွေ သံယောဇဉ်တွေ တဖြည်းဖြည်း တိုးလာပေမဲ့ အမှုထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း တူးဆွလေလေ အတိတ်က လျှို့ဝှက်ချက်တွေ ပေါ်လာလေလေ ဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို လှုပ်ခတ်လာစေခဲ့တယ်

သဲလွန်စတွေ ပေါ်လာတာနဲ့အမျှ သူတို့ရဲ့ သံယောဇဉ်က စိန်ခေါ်မှုတွေ ကြုံလာရပြီး "သူတို့နှစ်ယောက် အတူတူ ရှေ့ဆက်နိုင်မလား" ဒါမှမဟုတ် "လူသတ်သမားရဲ့ နောက်ထပ် သားကောင်တွေပဲ ဖြစ်သွားမလား" ဆိုတာ ရင်သပ်ရှုမော စောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်ရှင်

ဒီလို စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတဲ့ Mr.Kill ဆိုတဲ့ bl series လေးကို အပတ်စဉ်အင်္ဂါနေ့တိုင်းမှာ တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှူ အားပေးကြပါဦးရှင်


#MrKill #thaiseries #2026series #mmsub #BL #blackhole
August 30, 2026 27