အတန်းထဲက အချစ်ပြဿနာ (၂၀၂၆)
Ep-6
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
လီအစ်အဖြစ် Yujeen Aeiyapol Lekpittaya
ဖတ်တာအဖြစ်
Yugene Yannawat Intarapaen
လီအစ်ရဲ့ အကြီးမားဆုံး အိမ်မက်ကတော့ အမိုက်စား Indie Rock အဆိုတော်တယောက်ဖြစ်လာဖို့ပါ ဒါပေမဲ့ စာမကြိုးစားဘဲ ဂီတကိုပဲရူးသွပ်နေခဲ့တာကြောင့် အမေဖြစ်သူက သူ့ကို တနိုင်ငံလုံးရဲ့စည်းကမ်းအကြီးဆုံးကျောင်းတွေထဲကတကျောင်းကို ပို့လိုက်ပါတော့တယ် အဲဒီကျောင်းဟာ ဒီနှစ်မှကျောင်းသားတွေကို ပထမဆုံးအကြိမ် စတင်လက်ခံတာ ဖြစ်နေခဲ့ပါတယ်
မိန်းကလေးတွေနဲ့ ပြည့်နှက်နေတဲ့ ကျောင်းသစ်ကြီးမှာ ပထမဆုံးအကြိမ် တက်ရောက်ရတဲ့ လီအစ်ဟာ အချစ်ရေးကိစ္စတွေကြောင့် သူငယ်ချင်းသံယောဇဉ်ကို ဖျက်စီးမိမှာစိုးပြီး အချစ်ရေးနဲ့ ပတ်သက်ရင် ပြဿနာမတက်စေဖို့အတွက် "ကျောင်းမှာ ဘယ်တော့မှ ရည်းစားမထားရ" ဆိုတဲ့ စည်းမျဉ်းတစ်ခုကို ချမှတ်ထားပါတယ်
ဒါပေမဲ့ ကျောင်းရောက်ပြီးမကြာခင်မှာပဲ စာဂျပိုး ဖတ်တာနဲ့ အဆောင်တခန်းတည်းအတူနေရကာ တယောက်နဲ့တယောက်အဆင်မပြေတွေဖြစ်ခဲ့ကြပါတယ် ဒါပေမဲ့လည်း မတည့်အတူနေမမြင်ချောင်းကြည့်ဆိုတဲ့စကားအတိုင်း တယောက်နဲ့တယောက် မတူညီတဲ့စရိုက်တွေကြောင့် စကားများမှုတွေရှိခဲ့ပေမဲ့ အိုးချင်းထားအိုးချင်းထိဆိုသလို တခန်းတည်းတူတူနေထိုင်လာကြရင်းနဲ့မှ သူတို့နှစ်ယောက်ကြားမှာ သံယောဇဉ်ဟာ မသိမသာတွယ်လာခဲ့ကြပါတယ်
ဒီလိုနဲ့ ရင်းနှီးမှုတွေ တိုးလာချိန်မှာတော့ လီအစ်တစ်ယောက် သူကိုယ်တိုင်သတ်မှတ်ထားတဲ့ စည်းမျဉ်းကို ဆက်ထိန်းထားနိုင်မလား ဒါမှမဟုတ် နှလုံးသားရဲ့ စိန်ခေါ်မှုကိုပဲ လက်ခံလိုက်မလားဆိုတာကို ဟာသဆန်ဆန် ရိုမန်တစ်ဆန်ဆန် ကြည့်ရှုရမယ့် ကျောင်းသားအချစ်ဇာတ်လမ်းလေးမလို့ သောကြာနေ့ညတိုင်း Ash Channel မှာလာရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ပါတယ်
#ClassCrushCrisis #thaiseries #2026series #mmsub #BL #blackhole
