*ပုသိမ်ထီးရွေးချယ်နှင့် မေးခွန်းတို*
(၁)ပုသိမ်ထီးသည် မြန်မာတို့၏-------ပညာတစ်ရပ်ဖြစ်သည်။
စက်မှု
လက်မှု
အနု
(၂)ပုသိမ်ထီးကို မြန်မာပြည်အောက်ပိုင်း ------မြို့တွင်စတင်ပြုလုပ်ခဲ့သည်။
လပွတ္တာ
ငါးသိုင်းချောင်း
ပုသိမ်
(၃)ပုသိမ်တွင် ပုသိမ်ထီးလုပ်ငန်းအပြင်-----မှာလည်းထင်ရှားသည်။
ဟာလဝါ
ထိုးမုန့်
လက်ဖက်
(၄)ပုသိမ်ထီးပြုလုပ်ရာတွင် အကောင်းဆုံးဝါးမှာ -----ဝါးဖြစ်သည်။
ကျသောင်း
တစ်ပင်တိုင်
သရကူ
(၅)ရှေးအခါက ပုသိမ်ထီး၏ ခရိုင်ပန်းကို -------ချည်ဖြင့်ထိုးရက်ကြသည်။
ပိုး
နိုင်လွန်
ဝါဂွမ်း
(၆)ယနေ့ခေတ်တွင် ပုသိမ်ထီးခရိုင်ပန်းထိုးရာတွင် ------ချည်ကိုသုံးကြသည်။
ပိုး
နိုင်လွန်
ဝါဂွမ်း
(၇)ပုသိမ်ထီးကို ----ရာသီတွင်ဆောင်းရန်မသင့်ပေ။
နွေ
မိုး
ဆောင်း
(၈)ပုသိမ်ထီးကို အလှဆောင်းအပြင် ------တွင်အလှဆင်ပစ္စည်းအဖြစ်သုံးကြသည်။
ဟိုတယ်များ၊အခမ်းအနားများ
အိမ်နှင့်ဘုန်းကြီးကျောင်းများ
ဈေးဆိုင်နှင့်ဇရပ်များ
(၉)ပုသိမ်ထီးတွင် အင်္ဂါရပ်------ပါဝင်သည်။
၃
၄
၅
(၁၀)ပုသိမ်ထီးပုံစံကို အဝိုင်းအပြင် ----ပုံစံလည်းတွေ့ရသည်။
တြိဂံ
ပဉ္စဂံ
လေးထောင့်
*မေးခွန်းတို*
(၁)ပုသိမ်ထီးဟု အမည်တွင်ရခြင်းအကြောင်းကိုရှင်းပြပါ။
(၂)ပုသိမ်ထီးတွင်ပါဝင်သော အစိတ်အပိုင်များကိုဖော်ပြပါ။
(၃)ပုသိမ်ထီး၏အားသာချက်များကိုဖော်ပြပါ။
(၄)ပုသိမ်ထီးပြုလုပ်ရာတွင် မည်သည့်ဝါးကိုအသုံးပြုကြသနည်း။
(၅)သရကူဝါးသည်မည်ကဲ့သို့သော ဝါးမျိုးဖြစ်သနည်း။
(၆)ပုသိမ်ထီးလုပ်ငန်းကိုအဘယ်ကြောင့်ထိန်းသိမ်းသင့်သနည်း။
ဆဋ္ဌမတန်း၊မြန်မာစာ၊နမူနာမေးခွန်းတချို့
10
1September 1, 2026 1.1K 1 7