ဥပစာသင်ရင်း လျှာရှည်လိုက်တဲ့ ဥပမာစာကြောင်းတွေက ဟဲ့ *ရေမျက်နှာပြင်*က… — သင်ရိုးဝင်စာအုပ်များနှင့်ဆရာလမ်းညွှန်စာအုပ်များ — TG.ME

ဥပစာသင်ရင်း လျှာရှည်လိုက်တဲ့ ဥပမာစာကြောင်းတွေက

ဟဲ့ *ရေမျက်နှာပြင်*က ကျ မသွားဘူးနော်။ ဒီတိုင်းသာဆို *အိုးနှုတ်ခမ်းဝ*ထိ အပြည့်ရှိတဲ့ဆန်လည်း ကုန်မှာပါပဲအေ။ ပစ္စည်းတွေလည်း စားပွဲပေါ်တင်ထားပေမယ့် *စားပွဲခြေထောက်*လည်း ရေမြုပ်ပြီတော်ရေ။ အင်း စဉ်းစားရတာလည်း *ဆံပင်*မွေးတောင်ဖြူပါပြီကွာ။ *လက်သီး*ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း လောကဓံကိုသာ အပြစ်တင်မိတော့သည်။ရေကြီးနေပြီး ရေငတ်နေတဲ့သူ့မှာ *လည်စေ့* လည်ချောင်းတွေပင် မီးစနဲ့ထိုးထားသလိုပူလှ၏။ *ချော်လဲရောထိုင်* တက်နေတဲ့မြစ်တွေသောက်ချလိုက်ရမလားလို့သာတွေးမိနေတော့၏။မီး‌မွှေးဖို့ခက်နေတာမို့ *ချီတုံချတုံ*ဖြစ်ရင်း တက်နေတဲ့ရေတွေသာငေးကကြည့်နေမိသည်။ လောကဓံ *ချိန်ခွင်လျှာ*က ဘယ်တော့မှ ပြည်သူတွေဖက် အလေးသာမှာလဲဗျာ။…………………

ဥပစာဆိုသော လက်တွေ့ ဥပစာများ
🍓32❤20🤣18🔥2
August 25, 2026 4.5K 1 11