တရားများ: post #3871 — TG.ME

ငဲ့ကွက်မူနဲ့ သေရတာသာ ဆင်းရဲတယ် __________________ ပတ်ဝန်းကျင်ရဲ့အပေါ်မှာ ပိုင်ဆိုင်မှုတွေရဲ့အပေါ်မှာ ပတ်သက်မှုတွေရဲ့အပေါ်မှာ နောက်ဆုံး ကိုယ့်ခန္ဓာရဲ့အပေါ်မှာ၊ ဘယ်အပေါ်မှာဘဲဖြစ်ဖြစ် ငဲ့ကွက်မှုမကင်းပဲနဲ့ သေရမယ်ဆိုရင် အဲဒီသေခြင်းဟာ ဆင်းရဲတယ်။ ငဲ့ကွက်မှုရှိရင် သူသေရမှာ လက်မခံနိုင်ဘူးလေ။ သွားရတော့မယ့် အနေအထားမှာ လွတ်လွတ်မထားခဲ့နိုင်ဘူး။ သူ မလွတ်လည်း ဒါက ထားခဲ့ရမှာပဲ။ သူ မလွတ်နိုင်ဘူးဆိုရင် သူ့စိတ်နဲ့ သဘာဝတရားတွေက ဆန့်ကျင်ဘက်တွေ ဖြစ်နေတယ်။ သူ့စိတ်ကမခွဲနိုင်ဘူး သဘာဝတရားက ခွဲမယ်။ အဲသလို သူ့စိတ်က သဘာဝတရားနဲ့ ရန်ဖြစ်နေတယ်။ သဘာဝတရားကို ငြင်းဆန်နေတယ်။ မကျေမနပ်ဖြစ်နေတယ်။ သူ့စိတ်က ဘယ်လိုတွေ ဖြစ်လို့နေနေ သဘာဝတရားကတော့ သူ့လမ်းကြောင်း သူသွားမှာပဲ။ သူ့လမ်းကြောင်းက ပျက်စီးရေးလမ်းကြောင်း။ ခွဲခွာရေးလမ်းကြောင်း။ ဒါကြောင့် ဘယ်လောက်ပဲ ဒီအရာတွေကိုငဲ့ကွက်နေနေ၊ တွယ်တာမက်မောနေနေ၊ မစွန့်နိုင်မခွဲရက်ဖြစ်နေနေ မရဘူး။ ပြီးရင်သွားမှာပဲ။ ဒါကြောင့် ငဲ့ကွက်မှုနဲ့ သေရတာဟာ ဆင်းရဲတယ်၊ အကျိုးမဲ့တယ်။ သစ္စာရွှေစည်ဆရာတော်

🙏1
August 29, 2026 21