Pull Strings / 师兄太稳健 (2026) ☯️ 🌩
အပိုင်းသစ်21
Dong Hua လောကမှာစာရေးဆရာ Yan Gui Zheng Chuan ရဲ့ နာမည်ကြီး ဝတ္ထု 我师兄实在太稳健了ကို ပုံဖော်ရိုက်ကူးထားပြီး ရှယ်နာမည်ကြီးကာ အရှိန်အဝါကောင်းတွေရထားတဲ့ Big Brother ကိုအားလုံးသိကြမှာပါ
ဒီတစ်ခါမှာတော့ ဒါရိုက်တာ He Shupei က LA version ရိုက်ကူးလိုက်ပါပြီ ဒီ LA version လေးမှာ မင်းသားချော Ao Ruipeng က ခေါင်းဆောင်မင်းသားအဖြစ် နဲ့ Sun Zhenni , Aimi , Ao Ziyi တို့နှင့်အတူ ပါဝင်အားဖြည့်ထားတာမို့ အမိုက်စားဖြစ်နေမှာအသေချာပါပဲ
ဇာတ်လမ်းအကျဉ်း 📝
အတိတ်ဘဝတုန်းက ပြင်းထန်တဲ့ ရောဂါဝေဒနာ ခံစားခဲ့ရသူ Li Changshou ဟာ မထင်မှတ်ဘဲ ဟုန်ဟွမ်းကမ္ဘာဆီ ပြန်လည်မွေးဖွား ပြီး ရောက်ရှိသွားခဲ့ပါတယ်
ဒီလိုအသက်ကို လွန်စွာ တန်ဖိုးထားသူဖြစ်သည့်အလျောက် ကံကြမ္မာရဲ့ကပ်ဘေးကြီးကနေ ရှောင်လွှဲဖို့အတွက် အရာရာကို အလွန် ပါးနပ်တည်ငြိမ်စွာဖြင့် ဆောင်ရွက်သူဖြစ်ပြီး မလှုပ်ရှားလျှင် အငြိမ်နေပြီး လှုပ်ရှားလိုက်ပါက မိုးကြိုးပစ်သကဲ့သို့ အပြတ်ရှင်းမည့် မူ၀ါဒကို ကိုင်စွဲထားသူပါပဲ ⚡️
သူဟာ တိုက်ခိုက်သတ်ဖြတ်သည့် ခေတ်ကာလ ကုန်ဆုံးသွားပြီဟု ယုံကြည်ကာ တတ်နိုင်သမျှ တိုက်ပွဲများကို ရှောင်ရှားခဲ့ပေမဲ့လည်း ရန်သူများနှင့် မိန်းမလှလေးများက သူ့ဆီ ရေလှိုင်းများကဲ့သို့ ဆက်တိုက် ရောက်ရှိလာခဲ့ပါတော့တယ်.......
ဒီလိုအကွက်စေ့လှတဲ့ Li Changshou တစ်ယောက် ကပ်ဘေးကြီး မြန်ဆန်စွာ ဆိုက်ရောက်လာချိန်မှာ သူရဲ့ဉာဏ်ပညာဖြင့် ရန်သူတွေကို ဘယ်လို ပညာ ပါးပါးလေးထုတ်ပြီး အနိုင်ယူသွားမလဲဆိုတာကတော့.....
SoulKingdom က ဘာသာပြန်တင်ဆက်ပေးတော့မှာမို့ အတူကြည့်လိုက်ကြရအောင်
Native Title : 师兄太稳健
English Title : Pull Strings
Original Author : Yan Gui Zheng Chuan (言归正传)
Director : He Shupei
Starring : Ao Ruipeng , Sun Zhenni , Aimi , Ao Ziyi
Episodes : 30
Release Date : August 19, 2026
Genre : Xianxia / Fantasy / Comedy / Adventure
Original Network : Youku / iQIYI
#SoulKingdom
#Review
#师兄太稳健
#PullStrings
#klSnn
Channel
https://t.me/KdramaOngoing_1
ကြည့်ရန်လင့်
https://t.me/KdramaOngoing_1/2444?single








