Sky Bright Talent ကို အလုပ်ရှာဖွယ်သူတွေရော လုပ်ငန်းရှင်တွေပါ… — Sky Bright Talent (Free Job) — TG.ME

Sky Bright Talent ကို အလုပ်ရှာဖွယ်သူတွေရော လုပ်ငန်းရှင်တွေပါ ဘာကြောင့် ရွေးချယ်သင့်တာလဲ

​အလုပ်ရှာရတာပဲဖြစ်ဖြစ်၊ ကိုယ့်လုပ်ငန်းအတွက် လူမှန်နေရာမှန် ဝန်ထမ်းကောင်း ရဖို့ဆိုတာပဲဖြစ်ဖြစ် အမြဲတမ်း လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ Sky Bright Talent က လုပ်ငန်းရှင်တွေနဲ့ အလုပ်ရှာဖွယ်သူတွေကြားမှာ ခိုင်မာတဲ့ တံတားတစ်စင်းအဖြစ် အပြည့်အဝ တာဝန်ယူ ကူညီပေးနေတာ ဖြစ်ပါတယ်။

- ​လုပ်ငန်းရှင်တွေအတွက် ဘာတွေ အကျိုးရှိမလဲ ?

(1) ​လူမှန်၊ နေရာမှန် ကွက်တိရရှိခြင်း: ကိုယ့်လုပ်ငန်း Culture နဲ့ ကိုက်ညီပြီး တကယ် ကျွမ်းကျင်မှုရှိတဲ့ Talent တွေကိုပဲ စနစ်တကျ စိစစ်ပြီးမှ Shortlist စာရင်း ထုတ်ပေးတာမို့ မလိုအပ်ဘဲ အချိန်ကုန်တာတွေ လုံးဝ မရှိတော့ပါဘူး။

(2)​စနစ်ကျတဲ့ အကဲဖြတ်မှု: အလုပ်လျှောက်ထားသူရဲ့ အတွေ့အကြုံ၊ သဘောထားနဲ့ ရေရှည် လက်တွဲနိုင်စွမ်းအပြင် Background Check တွေကိုပါ HR စံချိန်စံညွှန်းနဲ့အညီ သေချာ စိစစ်ပေးပါတယ်။

(3)​အချိန်နဲ့ ကုန်ကျစရိတ် သက်သာခြင်း: ဝန်ထမ်းရှာဖွေရေးအတွက် ကုန်ကျမယ့် အချိန်နဲ့ စရိတ်တွေကို လျှော့ချပေးနိုင်လို့ လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ ပင်မ စီးပွားရေး တိုးတက်ရေးမှာပဲ အပြည့်အဝ အာရုံစိုက်နိုင်ပါတယ်။

(4)​ဈေးကွက် အကြံဉာဏ်များ ရရှိခြင်း: လက်ရှိ လစာနှုန်းထား (Salary Range) တွေနဲ့ အလုပ်သမားဈေးကွက် အခြေအနေတွေကို မှန်မှန်ကန်ကန် သုံးသပ်ပြီး အကြံဉာဏ်ကောင်းတွေ မျှဝေပေးပါတယ်။

- ​အလုပ်ရှာဖွယ်သူတွေအတွက်ရော ဘာတွေ အကျိုးရှိမလဲ ?

(1)​ရေရှည် တိုးတက်မယ့် Career လမ်းကြောင်း: အလုပ်တစ်ခု ရရုံတင် မဟုတ်ဘဲ ကိုယ့်ရဲ့ ကျွမ်းကျင်မှု၊ ဝါသနာနဲ့ တကယ် တိုးတက်နိုင်မယ့် လုပ်ငန်းခွင်ကောင်းတွေနဲ့ အဓိက ချိတ်ဆက်ပေးပါတယ်။

(2)​HR တွေရဲ့ စနစ်ကျတဲ့ Guide ရရှိခြင်း: Resume ပြင်တာကအစ အင်တာဗျူး အဆင်ပြေပြေ ဖြေဆိုနိုင်ဖို့အထိ HR အမြင်နဲ့ လိုအပ်တာတွေကို ပရော်ဖက်ရှင်နယ်ဆန်ဆန် အခမဲ့ အကြံပြု လမ်းညွှန်ပေးပါတယ်။

(3)​စိတ်ချရတဲ့ ကုမ္ပဏီများနဲ့သာ ချိတ်ဆက်ပေးခြင်း: တရားဝင် ခိုင်မာပြီး လုပ်ငန်းခွင် ပတ်ဝန်းကျင်ကောင်းတဲ့ ကုမ္ပဏီတွေနဲ့ပဲ ချိတ်ဆက်ပေးတာမို့ စိတ်အေးချမ်းစွာ လျှောက်ထားနိုင်ပါတယ်။

(4)​ကိုယ်ရေးအချက်အလက် လုံခြုံမှု: လျှောက်ထားသူရဲ့ အချက်အလက်တွေကို 100% လျှို့ဝှက် ထိန်းသိမ်းပေးထားပါတယ်။

​Sky Bright Talent က လုပ်ငန်းရှင်တွေအတွက် ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အဖြစ်ရော၊ အလုပ်ရှာဖွယ်သူတွေအတွက် အနာဂတ် အောင်မြင်ရေး တံခါးပေါက်အဖြစ်ပါ အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ အမြဲ အသင့်ရှိနေပါတယ်။

Ko San
Sky Bright Talent
August 3, 2026 56