ကရင်ပြည်နယ်ရှိ လူငယ်များကို စစ်မှုထမ်းသင်တန်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးနေသည်ဟု ခေတ်သစ်မီဒီယာက သတင်းမှားများ လုပ်ကြံဖြန့်ဝေလျက်ရှိ
ဘားအံ၊ ဩဂုတ် ၃၁
ကရင်ပြည်နယ်အတွင်း စစ်မှုထမ်းရန် သတ်မှတ်ထားသည့် လူအင်အား အပတ်စဉ် ပြည့်မီခြင်း မရှိသဖြင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ လူငယ်များထံ စစ်မှုထမ်းဆင့်ခေါ်စာများ လိုက်လံ ပေးပို့ရန်နှင့် သတ်မှတ်လူဦးရေ မပြည့်မီပါက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးစုဆောင်းရန် ကရင် ပြည်နယ်ဝန်ကြီးချုပ်က ညွှန်ကြားချက် ထုတ်ပြန်လာကြောင်း ထွေ/အုပ်သတင်းရင်းမြစ်ထံမှ သိရှိရ သည် ဟု ခေတ်သစ်မီဒီယာက သတင်းမှားများ လုပ်ကြံဖြန့်ဝေလျက်ရှိသည်။
ဖြစ်စဉ်မှန်မှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာ အဆင့် အုပ်ချုပ်ရေးမှူးများနှင့် အစည်းအဝေးများတွင် သဘာဝဘေးနှင့် ရေကြီးရေလျှံဖြစ်ပေါ်နေမှု အပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန်နှင့် ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်မှုများပြားနေ၍ မြို့သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေးသတိရှိရန် ကိစ္စများ သာ ဆွေးနွေးမှာကြားခြင်းများသာရှိကြောင်း ထွေ/အုပ်တာဝန်ရှိသူများထံမှ သိရှိရသည်။
တစ်နိုင်ငံလုံးရှိ ခရီးသွားပြည်သူများ၊ လူငယ်လူရွယ်များလုံးနီးပါး ဇွဲကပင်တောင်၊ နောင်လုံ တောင်ကြားလမ်း၊ တောင်ဝိုင်းတောင်၊ ကြာအင်းတောင်တက်ကြသကဲ့သို့ အာလဝံအင်းမှာ ဖောင်စီးပြီး ပျော်ရွှင်စွာ အလှဓာတ်ပုံလာရောက်ရိုက်ကူး အပန်းဖြေနေကြသည်ကို အင်တာနက် စာမျက်နှာပေါ်တွင် မြင်တွေ့နိုင်ပါကြောင်း ၊ လူငယ်များအားလုံး အန္တရာယ်ကင်းစွာ သွားလာနေကြ ကြောင်း တာဝန်ရှိသူများထံမှ သိရ သည်။
ကရင်ပြည်နယ်အတွင်း ပြည်သူ့စစ်မှုထမ်းရန် သတ်မှတ်ထားသည့် ဥပဒေများအတိုင်းသာ လူအင်အား စုစည်းလျက်ရှိပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းများကိုလည်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များ ထောက်ပံ့ပေးလျက်ရှိသကဲ့သို့ ပြည်သူ့စစ်မှုထမ်းဆောင်ပြီးသူများကိုလည်း ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ဒေသတွင်း လုံခြုံရေးအရသာ လမ်းခရီးများတွင် စစ်ဆေးမြန်းမှုများ ပြုလုပ်လျက်ရှိပါကြောင်းတာဝန်ရှိသူများ၏ ပြောကြားလျက်အရ သိရှိရသည်။
1August 31, 2026 76 1