Summer Anime: post #6562 — TG.ME

စောက်ရမ်းမိုက်တဲ့ Anime 🔥🔥

MAO (2026)
🔥 အပိုင်း ၂၂

Nanoka ဆိုတဲ့ အထက်တန်းကျောင်းသူလေးက ငယ်စဉ်တုန်းက ၁ တန်းအရွယ်မှာ ဈေးတန်းတစ်ခုရှေ့မှာ မိဘတွေနဲ့အတူ ကားမှောက်ပြီး တစ်ဦးတည်း ထူးဆန်းစွာ ရှင်ကျန်ခဲ့သူလေးတစ်ဦးပေါ့။ အခု အသက်ကြီးပြီး အထက်တန်းရောက်လာတော့လည်း ဒီဈေးတန်းလေးက ထူးဆန်းတဲ့အသံတွေကြားပြီး သရဲခြောက်တာလိုလို ဘာလိုလိုနဲ့ နာမည်ကြီးနေရော။ ဒါနဲ့တစ်ရက်ကျ ဒီဈေးတန်းလေးထဲကို Nanoka တစ်ယောက် ဝင်သွားလိုက်တော့ အံ့သြစရာကောင်းစွာနဲ့ ၁၉၂၀ ဝန်းကျင် Taisho ခေတ်ကာလကို ရောက်သွားခဲ့ပါတယ်။ အဲဒီမှာပဲ မိစ္ဆာကြီးတစ်ကောင် တိုက်ခိုက်တာခံရတဲ့အချိန် Onmyoji (နတ်ဆရာ) ဖြစ်တဲ့ Mao ဆိုတဲ့ အေးတိအေးစက်နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်နဲ့ သူ့တပည့်လေးဖြစ်တဲ့ Otoya တို့က ကယ်တင်ပေးလိုက်ပါတယ်။ ဒီတော့ Nanoka တစ်ယောက် ဘာလို့ ဒီနေရာကိုဝင်ရင် ဒီခေတ်ကို ရောက်လာရသလဲ၊ သူ့ခန္ဓာကိုယ်က ပြောင်းလဲမှုတွေကရော ဘာလဲ၊ ငယ်စဉ်ကတည်းက မတော်မဆမှုကရော သွေးရိုးသားရိုးလား ပရောဂတစ်ခုခုပါနေသလား စတဲ့အဖြေတွေကို Mao ဆီကနေ သိရဖို့ ကြိုးပမ်းပါတော့တယ်။ Mao ကိုယ်တိုင်ကလည်း ထူးဆန်းတဲ့ကျိန်စာတစ်ခုမိထားတာဖြစ်ပြီး သူတို့နှစ်ဦးရဲ့ကံကြမ္မာက ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာတော့ ဖန်သားပြင်ပေါ် ဆက်လက်ရှုစားရမှာပဲ ဖြစ်ပါတယ်...။

🔗 https://t.me/+VVFqnw9kka42OGM1