Day-5
ဒီနေ့အတွက် Intermediate Thai Lesson လေးပါ။
(အလုပ်နဲ့ နေ့စဉ်သုံးစကား)
Vocabulary
พัฒนา (phát-thá-naa) = တိုးတက်အောင်လုပ်သည်
ความรับผิดชอบ (khwaam-ráp-phìt-chɔɔp) = တာဝန်ယူမှု
ประสบการณ์ (prà-sòp-gaan) = အတွေ့အကြုံ
แก้ปัญหา (kâe-pan-hǎa) = ပြဿနာဖြေရှင်းသည်
ทำงานเป็นทีม (tham-ngaan pen thii m) = အဖွဲ့လိုက်အလုပ်လုပ်သည်
มีความอดทน (mii khwaam òt-thon) = စိတ်ရှည်သည်
ปรับตัว (pràp-tua) = လိုက်လျောညီထွေဖြစ်အောင်နေသည်
ตั้งใจ (tâng-jai) = စိတ်အားထက်သန်သည်
เรียนรู้จากความผิดพลาด (rian-rúu jàak khwaam-phìt-phlâat) = အမှားကနေ သင်ယူသည်
ประสบความสำเร็จ (prà-sòp-khwaam-sǎm-rèt) = အောင်မြင်သည်
Speaking Sentences
ฉันตั้งใจทำงานและเรียนรู้ทุกวันค่ะ
= ကျွန်မ အလုပ်ကို စိတ်အားထက်သန်စွာလုပ်ပြီး နေ့တိုင်း သင်ယူနေပါတယ်။
ฉันพร้อมเรียนรู้สิ่งใหม่ ๆ เสมอค่ะ
= ကျွန်မ အသစ်တွေကို အမြဲသင်ယူဖို့ အသင့်ရှိပါတယ်။
ถ้าไม่เข้าใจ ฉันจะถามค่ะ
= နားမလည်ရင် ကျွန်မ မေးပါမယ်။
ฉันพยายามพัฒนาตัวเองให้ดีขึ้นทุกวันค่ะ
= ကျွန်မ ကိုယ့်ကိုယ်ကို နေ့တိုင်း ပိုကောင်းအောင် ကြိုးစားနေပါတယ်။
Challenge
ဒီစာကြောင်းကို ထိုင်းလို ကိုယ်တိုင် ဘာသာပြန်ကြည့်ပါ။
"အတွေ့အကြုံမရှိပေမယ့် သင်ယူဖို့ အဆင်သင့်ရှိပါတယ်။"
အရင် ကိုယ်တိုင်ရေးကြည့်ပါ။ ပြီးရင် စစ်ပေးပါ့မယ်ခ။
3July 25, 2026 167 1 2