🔐 SDB Account လုံခြုံရေးဆိုင်ရာ အသိပေးကြေညာချက်
User Community မှ Member များသိရှိစေရန် ..
မိမိတို့၏ SDB Account နှင့် ကိုယ်ရေးအချက်အလက်များ လုံခြုံမှုရှိစေရန် အောက်ပါအချက်များကို အထူးသတိပြုလိုက်နာပေးကြပါရန် အသိပေးအပ်ပါသည်။
၁။ Password၊ PIN၊ 2FA Code နှင့် OTP များကို လုံခြုံစွာထိန်းသိမ်းထားပေးရန်။
SDB ၏ Official RM များသည် User များထံမှPassword ၊PIN၊
2FA Code၊OTP များကို မည်သည့်အခြေအနေတွင်မဆို တောင်းခံခြင်းမရှိပါ။
Scammer များသည် SDB RM အယောင်ဆောင်၍ အထက်ပါအချက်အလက်များကို တောင်းခံနိုင်သဖြင့် မိမိ တစ်ဦးတည်းသာ သိရှိအောင် လုံခြုံစွာထိန်းသိမ်းထားရပါမည်။
၂ ။ မိမိ Email Account ၏ လုံခြုံရေးကို ပုံမှန်စစ်ဆေးပေးရန်။
SDB Account ကို Email ဖြင့် ဖွင့်လှစ်အသုံးပြုရသောကြောင့် မိမိ၏ Email Account သည် SDB Account လုံခြုံရေးအတွက် အလွန်အရေးကြီးပါသည်။
ထို့ကြောင့်—
ခန့်မှန်းရခက်ပြီး အခြား Account များတွင် အသုံးပြုခြင်းမရှိထားသော Password ကို ရွေးချယ် အသုံးပြုခြင်း။
Email Account တွင် 2-Step Verification (2FA) ဖွင့်ထားခြင်း။
Recovery Email နှင့် Phone Number များ မှန်ကန်မှုရှိ၊ မရှိ အမြဲစစ်ဆေးခြင်း။
သံသယဖြစ်ဖွယ် Link နှင့် Login Request များကို သတိပြုစစ်ဆေးခြင်း။
မိမိမသိသော Device သို့မဟုတ် Login Session ရှိ၊ မရှိ ပုံမှန်စစ်ဆေးခြင်း။
မိမိ၏ Email သို့မဟုတ် ကိုယ်ရေးအချက်အလက်များ Data Breach ဖြစ်ပွားထားခြင်းရှိ၊ မရှိကို ယုံကြည်စိတ်ချရသော Data Leak Checking Website များမှတစ်ဆင့် ပုံမှန်စစ်ဆေးခြင်း
တို့ကိုဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
၃။ User Community Telegram Account Tag များကို စစ်ဆေးပေးရန်။
SDB User Community တွင် SDB RM များ၊ NOH Agent များနှင့် Ranger များ၏ Official Telegram Account များကို ၎င်းတို့၏အမည်ဘေးတွင် သက်ဆိုင်ရာ Official Tag များ ထည့်သွင်းဖော်ပြထားပါသည်။ eg . SDB RM, NOH Agent, NOH Ranger
SDB RM , NOH Agent, NOH Ranger အဖြစ် ဆက်သွယ်လာသူများနှင့် ပြောဆိုဆက်သွယ်ရာတွင် ၎င်းတို့အမည်ဘေး၌ သက်ဆိုင်ရာ Official Tag ရှိ /မရှိကို ဦးစွာစစ်ဆေးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၄။ Personal Information များနှင့် Screen Shot များကို လုံခြုံစွာ ထိန်းသိမ်းပေးရန်။
မိမိ၏ကိုယ်ရေးအချက်အလက်များ၊SDB Account Information များ၊
Transaction Information များ၊
Screenshot များ၊
NRC၊ Passport နှင့် အခြားအထောက်အထားများကို User Community Telegram Group သို့မဟုတ် အခြား Public Social Media များတွင် မျှဝေခြင်းမှ ရှောင်ကြဉ်၍ လုံခြုံစွာထိန်းသိမ်းရပါမည်။
၅။ SDB Account နှင့်ပတ်သက်၍ Official Customer Support Channel များတွင်သာ ဆက်သွယ်မေးမြန်းရန်။
SDB Account၊ Transaction သို့မဟုတ် အခြားဝန်ဆောင်မှုများနှင့်ပတ်သက်၍ မေးမြန်းရန်ရှိပါက အောက်ပါ Official Customer Support Channel များသို့သာ ဆက်သွယ်မေးမြန်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
🔹 SDB Facebook Page Messenger >>https://www.facebook.com/share/1C1VjohRe8/
🔹 SDB Help Center Live Chat >>
https://help.springdevelopmentbank.com/
မိမိ၏ Account နှင့် ကိုယ်ရေးအချက်အလက်များ လုံခြုံရေးအတွက် သတိပြုကာ အထက်ပါအချက်များကို အားလုံးပူးပေါင်းလိုက်နာပေးကြပါရန် အသိပေးအပ်ပါသည်။
Spring Development Bank Operations
3August 30, 2026