ဇာတ်ကားချန်နယ် = Sumyat: post #13762

The Remarried Empress (2026)

Shin Min-A , Ju Ji-Hoon , Lee Jong-Suk , Lee Se-Young တို့လို ထိတ်ထိတ်ကြဲ cast တွေက အဓိက ပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီး Web Novel ကို အခြေခံ ရိုက်ကူးထားတဲ့စိတ်ကူးယဉ် တော်ဝင်နန်းတွင်း ဒရမ်မာလေးပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ဉာဏ်ရည်ထက်မြက်ပြီး ပါရမီနဲ့ ပြည့်စုံတဲ့ မိဖုရားခေါင်ကြီး နာဗီယဲ (Shin Min-A) ဟာ ဧကရာဇ်ဘုရင်ကြီး ဆိုဗီယဲရှူး (Ju Ji-Hoon) နဲ့အတူ အရှေ့အင်ပါယာတိုင်းပြည်ကို အေးချမ်းစွာ အုပ်ချုပ်နေသူပါ။

တစ်နေ့မှာ ဆိုဗီယဲရှူးက ထွက်ပြေးလာတဲ့ ကျေးကျွန်မလေး ရက်စတာ (Lee Se-Young) ဆိုသူကို နန်းတော်ထဲ ခေါ်ဆောင်လာခဲ့ပါတယ်။ ရက်စတာရဲ့ ချစ်စဖွယ် အပြုအမူလေးတွေကြောင့် အချစ်ကြီး ချစ်မိသွားချိန်မှာတော့ နာဗီယဲကို ကွာရှင်းခွင့်တောင်းခံပြီး ရက်စတာကို မိဖုရားအသစ်အဖြစ် တင်မြှောက်ဖို့ ကြိုးစားပါတော့တယ်။

ဒါပေမဲ့လည်း နာဗီယဲက မယိမ်းယိုင်သွားခဲ့ပါဘူး။စွန့်ပစ်ခံမိဖုရား အဖြစ်ခံမဲ့အစား ကိုယ်တိုင် လမ်းကြောင်းသစ်ကို ရွေးချယ်ပြီး ကွာရှင်းရန်တောင်းဆိုတာကို ရဲရဲဝံ့ဝံ့ပဲ လက်ခံကာ အနောက်တိုင်းပြည်ရဲ့ မင်းသားလေး ဟိုင်လီ (Lee Jong-Suk) နဲ့ ပြန်လည်ထိမ်းမြားမှာဖြစ်ကြောင်း ကြေညာလိုက်တဲ့အခါမှာတော့...

ဧကရာဇ်ရဲ့ သစ္စာဖောက်မှု ၊ နန်းတွင်းအရှုပ်တော်ပုံတွေနဲ့ အာဏာလုပွဲတွေကြားမှာ နာဗီယဲက မိဖုရားတစ်ပါးရဲ့ ဂုဏ်သိက္ခာကို ဘယ်လို ဆက်လက်ထိန်းသိမ်းသွားမလဲ...

ချက်သမ္မတနိုင်ငံနဲ့ ဂျာမနီတို့မှာ သွားရောက် ရိုက်ကူးထားတဲ့အထိ budget ရှယ်သုံးထားတဲ့ အနောက်တိုင်းဆန်ဆန် နန်းတွင်းအပြင်အဆင်တွေနဲ့အတူ ရှယ်လှ ၊ ရှယ်ချောနေကြတဲ့ မင်းသား, မင်းသမီးတွေရဲ့ visual နဲ့တင် ကြည့်ရတန်နေပြီဖြစ်လို့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စောင့်မျှော်အားပေးကြပါဦးရှင်

ချန်နယ် အရင်၀င်ဖို့ ဒီကိုနှိပ်ပါ
https://t.me/+nhzgBq9A-l42MDk1

၀င်ပြီးရင် ကြည့်ဖို့ ဒီကိုနှိပ်ပါ
https://t.me/c/2270403439/855
November 3, 2026 136 7