Hear Me: Our Summer 2024 Weak Hero Class, Revenantထဲက မင်းသား Hong… — အိုပါး Movie Channel — TG.ME

Hear Me: Our Summer 2024

Weak Hero Class, Revenantထဲက မင်းသား Hong Kyung၊ Our Blues,  The Frogဇာတ်လမ်းတွဲထဲက Roh Yoon Seo၊ IZ*ONE Kim Min Ju တို့ Main Cast အနေနဲ့ပါဝင်ထားပြီး ချိုချိုမြိန်မြိန် Romance ဇာတ်လမ်းလေးကိုမှ  ဘဝအကြောင်းလေးပါရောယှက်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ယုံးဂျွန်း (Hong Kyung) က ဘဝမှာ သူ

ဘာဖြစ်ချင်လဲဆိုတာကို မသိသေးတဲ့ ကောင်လေးဆိုပေမဲ့မိဘတွေရဲ့ စားသောက်ဆိုင်မှာ မိဘတွေကို ကူညီရင်း အချိန်ပိုင်း အလုပ်ဝင်လုပ်နေသူပါ။တစ်နေ့မှာတော့ ရေကူးကန် တစ်ကန်ကို မု့န်သွားပို့ရင်း ယောရွန်း (Roh Yoon Seo) ဆိုတဲ့ကောင်မလေးကို တွေ့သွားပြီး မြင်မြင်ချင်းပဲ ချစ်မိသွားခဲ့ပါတယ်။ယောရွန်းက ဆွံ့အ နားမ

ကြားတဲ့ ကောင်မလေးဆိုတာကို သိသွားတဲ့ အချိန်မှာတော့ ယုံးဂျွန်းဟာတစ်ချိန်က သူ သင်ခဲ့ဖူးတဲ့ လက်ဟန်ပြ ဘာသာစကားကို အသုံးချပြီး ယောရွန်းကို ချည်းကပ်ပါတော့တယ်။ညီမ ဖြစ်သူကို စောင့်ရှောက်ရင်း အလုပ်တွေကြား ဗျာများတတ်တဲ့ ယောရွန်းကရော ယုံးဂျွန်းကိုနှလုံးသားတံခါး ဖွင့်ပေးမှာလား..
❤4
September 27, 2026 282 3