2_0_t_hC_e_n_t_u_r_yG_i_r_l 2022 အချစ်ဦးနဲ့သူငယ်ချင်းဆက်ဆံရေး 1999… — အိုပါး Movie Channel — TG.ME

2_0_t_hC_e_n_t_u_r_yG_i_r_l 2022

အချစ်ဦးနဲ့သူငယ်ချင်းဆက်ဆံရေး 1999 ခုနှစ်ကအထက်တန်းကျောင်းသူကောင်မလေးရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်.....အသက် 17 နှစ်အရွယ် ကျောင်းသူကောင်မလေးတစ်ယောက်ဖြစ်တဲ့ Bora (Kim Yoo Jung) လေးက တိုက်ကွမ်ဒိုအားကစားတော်သူဖြစ်တဲ့အပြင် ဥာဏ်ကောင်းပြီး အကောင်းမြင်တတ်သူတစ်ယောက်ပဲဖြစ်ပါ

တယ်။ ကျောင်းရဲ့အသံလွှင့်ရုံအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး Woon Ho (Byeon Woo Seok) နဲ့အတူ အသံလွှင့်အဖွဲ့ရဲ့အဖွဲ့ဝင်တွေဖြစ်နေကြသူပါ။ Bora ရဲ့အခင်ရဆုံးသူငယ်ချင်းလေး Yeon Doo (Roh Yoon Seo) က Hyun Jin(Park Jung Woo)ဆိုတဲ့ကောင်လေးကို တိတ်တခိုးချစ်လို့နေ

ပါတယ်။သူမရဲ့နှလုံးကျန်းမာရေးကြောင့် အမေရိကန်ကိုခွဲစိတ်ဖို့သွားချိန် Bora က Hyunjin အကြောင်းကိုစုံစမ်းပေးရင်း Woon Ho, Hyunjin တို့နဲ့သူငယ်ချင်းဖြစ်လို့လာပါတယ်။ Bora ကရော အချစ်ဦးနဲ့လက်တွဲသွားနိုင်မှာလား?? သူတို့သုံးယောက်ရဲ့ဆက်ဆံရေးကရော သူငယ်ချင်းဆိုတာသေချာရဲ့လား??
September 2, 2026 131 2