My Love My Bride 2014 အထူးမိတ်ဆက်ပေးစရာ မလိုတဲ့ K Drama မင်းသားနဲ့… — အိုပါး Movie Channel — TG.ME

My Love My Bride 2014

အထူးမိတ်ဆက်ပေးစရာ မလိုတဲ့ K Drama မင်းသားနဲ့ မင်းသမီး Jo JungSuk နဲ့ Shin MinAh တို့ရဲ့ လက်တွေ့ဆန်ဆန် အိမ်ထောင်ရေးဘဝ အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။တွေ့ဆုံကြ… သမီးရည်းစားဘဝချစ်ကြိုက်ကြ… နောက်တော့ လက်ထပ်လိုက်ကြ…ဒီလိုနဲ့ မတူညီတော့တဲ့ ချစ်သူနှစ်ယောက်ကြားက ချစ်ခြင်းတရားတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။အကျဉ်းချုပ် ပြောပြရရင် တက္ကသိုလ်

ကျောင်းသားဘဝမှာ ချစ်ကြိုက်ခဲ့ကြတဲ့ ဂန်ယောင်မင်းနဲ့မီယောင်းတို့ဟာ လက်ထပ်ခဲ့ကြပြီး ညားခါစ ဇနီးမောင်နှံဘဝ အခြေအနေမှာ သာယာကြည်နူးခဲ့ကြသလောက် တဖြည်းဖြည်း အချိန်တွေကုန်ဆုံးလာတဲ့အခါ နှစ်ယောက်ကြားက အိမ်ထောင်ရေး ပြသနာများကို ရင်ဆိုင်လာရပြီး ခါးသီးလာခဲ့ကြပါတယ်။ဒါပေမယ့် အဲ့လို

အခက်အခဲတွေ နားမလည်မှုတွေကြား မပြေလည်မှုကြားကနေ သူတို့နှစ်ယောက်ကြားမှာ အချစ်ဆိုတာကို တဖြည်းဖြည်း နားလည်လာခဲ့ရလို နားလည်မှု နွေးထွေးမှု ကြင်နာမှု သစ္စာရှိမှုတွေနဲ့ အိမ်ထောင်ရေးကို ဘယ်လိုရှေ့ဆက် အဆုံးသတ်သွားမယ်ဆိုတာကို လက်တွေ့ဆန်ဆန် ခံစားသက်ဝင်ရမှာပါ။
❤1
August 28, 2026 435 1