ပထမဇာတ်လမ်းမှာတော့ အပျိုဗိုက်ထဲက ကလေးသေလေးအကြောင်းပေါ့...ဟုတ်ပါတယ် ကျောက်မိသားစုက သခင်မလေးက အိမ်ထောင်လည်း မကျသေး... ဖိုဆို ယင်ဖိုတောင်မသန်းဖူးသေးဘဲ ကိုယ်ဝန်ရှိနေပြီတဲ့လေ... ဒီကိုယ်ဝန်က ကလေးအသေလေးဖြစ်နေတဲ့အတွက် ဖျက်ချဖို့ ကြိုးစားရင်းကနေ မထင်မှတ်တဲ့ ဇာတ်လမ်းလေးပေါ်လာတာပေါ့နော်...
ဒုတိယဇာတ်လမ်းမှာတော့ သခင်ကြီးအခေါင်းထဲက ကျောက်စိမ်းလက်ကောက်ပျောက်ရှာပုံတော်ပေါ့...သခင်ကြီး လူဝင်စားနိုင်ဖို့အရေး ကျောက်စိမ်းလက်ကောက်ကို အတူမြှုပ်ပေးရပါမယ်ဆိုမှ...အခိုးကခံရပြန်တယ်.. အခိုးခံရတဲ့ကြားထဲမှာ တရားခံမမိတဲ့အပြင် လူသေအလောင်းကြီးကပါ ထထလာသေးတဲ့ပြဿနာနဲ့ရောက်လာရာကနေ...မထင်မှတ်ထားတဲ့ ဖြစ်ရပ်ဆန်းလေး ပေါ်ထွက်လာပြန်တာပေါ့...
နောက်ဆုံးဇာတ်လမ်းကတော့ အလောင်းတစ်လောင်းရဲ့ ဈာပနစီစဉ်ဖို့ ဖိတ်ခံရတာကနေ...ထူးဆန်းတာကတော့ ဒီရွာက မိဘအပေါ်သိတတ်မှုကို အလေးထားပြီး ဒီသေဆုံးသူကတော့ မိခင်တစ်ယောက်ဖြစ်ပြီးသားနဲ့ ချွေးမတို့အနားမှာရှိတာတောင် တောထဲမှာခွေးရိုင်းတွေ ကိုက်ရာ ဒဏ်ရာတွေနဲ့ သေခဲ့ရရှာတယ်...
https://t.me/ouicyoteshin/7055

