ဆရာကောင်းက စာအုပ်ကြားထဲ ညှပ်လာတဲ့ ဓါတ်ပုံလေးကို စားပွဲပေါ်တင် ချပြလိုက်ပါတော့တယ်၊
ပြန်မှတ်မိသလောက်ဆိုရင် အမျိုးသမီးက အသက် (၂၀) လောက်ဝန်းကျင်၊ အသားဖြူဖြူ၊ လက်တွဲလာတဲ ခလေးက (၅) နှစ် (၆) နှစ်သမီးအရွယ်ရှိမလားပဲ၊ အီင်္ကျီနဲ့ထမီကဆင်တူ၊ လက်ပွ လက်ရှည်၊ ဆံပင်ချထားတယ်၊ မျက်နှာမှာ သနပ်ခါးပါးကွက်နဲ့၊ သာမန်လူတွေနဲ့ ဘာမှထူးခြားမှုမရှိဘူး၊ ကြက်သရေတော့ရှိတယ်၊ ဟာ ... ကနဲ၊ ဟင်... ကနဲ ဖြစ်သဖွားရလောက်တဲ့ အချောကြီးမျိုးထဲက မဟုတ် ။
" ဆရာ့ ဆီက ဓါတ်ပုံယူသွားတယ်လေ "
" အဲ့ဒါပြောတာပေါ့၊ မင်းတို့ဆရာက ဓါတ်ပုံဆရာလေကွာ၊ သူယူသွားတာက ဓါတ်ပုံလေ၊ ကိုယ့်မှာက ဖလင်ကော်ပြားကျန်နေတာ သူမသိသွားဘူး ထင်ရဲ့ "
" ဟာ... ဆရာကလဲ "
( 1970s ကျောင်းသားဘဝ အမှတ်တရ )
နေဇင်လတ် ☯️
( 4.9.26 )( 2920 )
.
https://t.me/nayzinlatt2023














