Dang And His Gangsters (2026) ဒန် နဲ့ သူ့ရဲ့လူမိုက်များ (၂၀၂၆) Ep-3… — 4 Elements The Fire ( အချစ်မီးလျှံ ) — TG.ME

Dang And His Gangsters (2026)
ဒန် နဲ့ သူ့ရဲ့လူမိုက်များ (၂၀၂၆)

Ep-3

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

ပြည်တန်ဆာတစ်ယောက်ရဲ့ သားအဖြစ် လူတွေရဲ့ နှိမ်ချကဲ့ရဲ့မှုကို ခါးစည်းခံရင်း တရားဥပဒေကို စိုးမိုးမယ့် ရဲအရာရှိတစ်ယောက် ဖြစ်လာဖို့ သူ အိပ်မက်မက်ခဲ့ဖူးတယ်
ဒါပေမဲ့ ကံကြမ္မာရဲ့ လှည့်ကွက်တွေဟာ ရက်စက်လွန်းလှလို့ မမျှော်လင့်ဘဲ ကြုံတွေ့လိုက်ရတဲ့ ဘဝရဲ့အလှည့်အပြောင်း၊ အကြပ်အတည်းတွေကြောင့် သူ့ရဲ့ဖြူစင်တဲ့ အိပ်မက်တွေဟာ ဖုန်မှုန့်လို လွင့်ပါးသွားခဲ့ရပြီး တရားဥပဒေရဲ့ တစ်ဖက်ခြမ်း၊ ခြိမ်းခြောက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ လူဆိုးဂိုဏ်းကြီးတစ်ခုရဲ့ အမှောင်ကမ္ဘာထဲကို သက်ဆင်းခဲ့ရတော့တယ်
အမှောင်ထဲမှာ ဝုန်းဒိုင်းကျဲနေတဲ့ ထိုဘဝဟာ သူ့ဆီကနေ အရာရာကို လုယူသွားခဲ့ပါတယ် ပထမဆုံးအကြိမ် နှလုံးသားကို နွေးထွေးစေခဲ့တဲ့ အချစ်ဆုံး ချစ်သူနဲ့ သံယောဇဉ်ကြိုးတွေ မတတ်သာဘဲ ဖြတ်တောက်ခဲ့ရသလို၊ သက်စွန့်ဆံဖျား အတူရှိခဲ့တဲ့ တစ်ဦးတည်းသော အသက်တမျှ ချစ်ရတဲ့ သူငယ်ချင်းနဲ့ပါ လမ်းခွဲခြားနားခဲ့ရတယ်
တစ်ချိန်က တရားဥပဒေဘက်က ရပ်တည်ချင်ခဲ့တဲ့ ကောင်လေးတစ်ယောက်ဟာ အခုတော့ လက်ထဲမှာ သေနတ်ကို ကိုင်၊ ရင်ထဲမှာ အတိတ်ရဲ့ ဒဏ်ရာတွေကို ပိုက်ရင်း လူဆိုးဂိုဏ်းရဲ့ ထိပ်တန်း ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့တဲ့အခါ...
သူ့ရဲ့ ပျောက်ဆုံးသွားတဲ့ ဘဝမှန်၊ စွန့်လွှတ်လိုက်ရတဲ့ အချစ်၊ သစ္စာဖောက်ခံလိုက်ရတဲ့ သံယောဇဉ်တွေကြားမှာ စိုးမင်းတစ်ယောက် ဘယ်လိုဆက်လက် ရုန်းကန်သွားမလဲ။ အမှောင်ကမ္ဘာထဲကနေ အလင်းရောင်ဆီကို ပြန်လည်ကူးခတ်နိုင်ပါ့မလားဆိုတာ … ကြည့်လိုရပါပြီ


#DangAndHisGangsters #thaiseries #2026series #mmsub #blackhole
August 20, 2026 240