အဓမ္မ တရားတွေကို ဝေဖန်ပြောဆိုလျှင် မင်္ဂ တား ဖိုလ်တား တွေဖြစ်မယ် လို့ ချိန်းခြောက်တာကို ပါချုပ်ဆရာတော်ဘုရားကို မေးထားတာဖြေထားတာလေးနားဆင်ကြည့်ပါ,
ပါချုပ်ဆရာတော်လို လူတွေကို ငပိန်းတွေ ငကြောက်တွေ မဖြစ် အောင် ဆရာတွေက သင်ပေးရမှာဖြစ်ပါတယ်
ဒီခေတ် အဓမ္မ သမားတွေက အာရိယတွေကိုပစ်မှားတဲ့ ကံ ထိုက်မယ် လို့ ဂျင်းထဲ့ ပြီး လူတွေကို ပါးစပ်ပိတ်ပြီး အဓမ္မတရားတွေ စမ်းစစ်ပြီးမေးခွန်း မထုတ်ရဲအောင် ငပိန်း ဗုဒ္ဓဘာသာဝင်တွေ ဖြစ်အောင် လုပ်တဲ့အကွက်ဟောင်းပါ
ဘုရားဟောစာပေနဲ့မညီတာတွေ ဟောပြောနေလို့ကတော့ အာရိယ ပဂ္ဂိုလ် မဟုတ်ပါ
တွေ့ရာ လူ ကို ရဟန်းသာ တွေဖြစ်နေမှ ဖြင့် ဆိုတာ အသိပညာမဲ့တွေရဲ့ အထင်အမြင်ပါ
ဆင်ခြင်တုံတရား အားနည်းမှုကြောင့်ကြောက်လန့်မှုပါဘဲ
ဆရာတွေ မုသာဝါဒ လီဆယ်ပြောဆိုတာကိုလည်း အာရိယ သူတော်စင်မြတ်လို့ ထင်မြင် ကိုးကွယ်သူတပုံကြီး
ခက်ပါတယ်
မြန်မာပြည်ကြီးရယ်
လမ်းမှားမှန်းသိလည်း ပုဂ္ဂိုလ်ကိုခင်တွယ် စွဲလန်းနေကြပြီး အမှောင် အမောဟဖြစ်နေကြသူ တပုံကြီးပါဘဲ
ဆရာကောင်းဆရာမှန်ဆိုရင် သာ၀ကကို control ထိန်းချုပ်တာတွေမလုပ်ဘူး
ဆရာဆိုးတွေက ဟိုလူနဲ့စကားမပြောရ အဆက် အသွယ်မလုပ်ရ တွေ ပြောတယ်လို့ ကြားနေရတယ်
ဪ
ဆရာကောင်းတရားမှန်တွေ နာကြားရမဲ့ဇာတာ မပါလို့ဘဲ သဘောထားလိုက်ပါတယ်
34
17
11February 7, 2026 10.9K 5